ရန်ကုန်၊ ဇန်နဝါရီ ၂၀-ရွေးကောက် ပွဲကုန်ကျစရိတ်မတင်သွင်းသည့် ကိုယ် စားလှယ်များကို အရည်အချင်းပျက် ယွင်းကြောင်း ကြေညာရန်သင့်၊ မသင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ခုံအဖွဲ့မှ ယနေ့(ဇန်နဝါရီ ၂၁ ရက်)တွင် စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် နိုင်ငံရေးပါတီ ၃၉ ခုမှ ကိုယ်စားလှယ်လောင်းနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၇၅ ဦးနှင့် ရွေးကောက်ပွဲကိုယ်စားလှယ် ၃၅ ဦး စုစုပေါင်း ၂ဝရ ဦးကို ဇန်နဝါ ရီ ၂၁ ရက်မှစတင်ကာ၊ ၂၂ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ”ငွေ စာရင်းတင်သွင်းဖို့ ပျက်ကွက်ရတဲ့ ခိုင်လုံတဲ့အကြောင်းပြချက် တင်သွင်း လာရင် အရည်အချင်းပျက်ယွင်း ကြောင်း ကြေညာဖို့ သင့်၊ မသင့် ခုံ အဖွဲ့ကဆုံးဖြတ်သွားမှာပါ။ သက်သေ အထောက်အထားခိုင်လုံရင်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ်မ သတ်မှတ်ဘူး”ဟုပြောသည်။
ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဇန်နဝါရီ ၂၂ ရက် တွင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီး၊ ဇန်နဝါရီ ၂၈ ရက်တွင် ချင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်း၊ မွန်၊ တနင်္သာရီ၊ ကယားနှင့် ဇန်နဝါရီ ၂၉ ရက်တွင် ကချင် နှင့် ရခိုင်တို့မှ ကိုယ်စားလှယ် လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စား လှယ်တို့အား စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။
ကရင်ပြည်နယ်နှင့် နေပြည်တော်တွင် ရွေးကောက်ပွဲအသုံးစရိတ် အစီရင်ခံစာတင်သွင်းရန်ပျက်ကွက်မှု မရှိကြောင်းသိရသည်။
ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ်များ တွင် အနိုင်ရကိုယ်စားလှယ်များမ ပါဝင်ဘဲ ရှုံးနိမ့်သည့်ကိုယ်စားလှယ် များသာဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အားလုံး အသုံးစရိတ်တင်သွင်းရမည် ဖြစ်ပြီး အသုံးစရိတ်တင်သွင်းရန် ပျက်ကွက်ပါက ၎င်းကိုယ်စားလှယ် လောင်းနှင့် ၎င်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့အား ကိုယ်စားလှယ် လောင်းအရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာသွားမည်ဖြစ်ပြီး ယင်း ရွေးကောက်ပွဲသက်တမ်းအတွင်း ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ မည်မဟုတ်ကြောင်းသိရသည်။
ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်းတစ်ရာခွင့်ပြုထားပြီး ရွေးကောက်ပွဲကုန်ကျစရိတ်အားလုံး ကို ကိုယ်စားလှယ်လောင်းအမည် စာရင်းကြေညာသည့်အချိန်မှ ရက် ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာခရိုင် ကော်မရှင်သို့ တင်သွင်း ရမည်ဖြစ် ကြောင်း ရွေးကောက် ပွဲဆိုင်ရာ နည်းဥပဒေတွင်ပြဋ္ဌာန်းထားသည်