ခိုင်လုံမဲ၏ရှစ်ပုံတစ်ပုံထောက်ခံမဲရသူ ကိုယ်စား လှယ်လောင်းများအား အာမခံငွေကျပ်သုံးသိန်း ပြန်ထုတ်ပေးမည်

ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခုချင်းအလိုက်တွင် ခိုင်လုံ မဲ၏ ရှစ်ပုံတစ်ပုံထောက်ခံမဲရရှိခဲ့ သည့် ကိုယ်စားလှယ်လောင်း များအား အာမခံကြေးငွေကျပ် သုံးသိန်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲမှ သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေများ အခန်း (၉) ပါ ပြဋ္ဌာန်းချက်များအရ ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် လောင်းများအပါအဝင် ခိုင်လုံမဲ၏ ရှစ်ပုံ တစ်ပုံ ထောက်ခံမဲရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းများအားအာမခံကြေး ကျပ်သုံးသိန်းကို ခြောက်လအတွင်း ခရိုင်ရွေး ကောက်ပွဲကော်မရှင်က ပြန်လည်ထုတ်ပေးမည်ဟု မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ် က ပြောသည်။

‘‘ဥပဒေပြဋ္ဌာန်းချက်အတိုင်း ပါပဲ။ ခိုင်လုံမဲရဲ့ ရှစ်ပုံတစ်ပုံ ထောက်ခံမဲရခဲ့တဲ့ ကိုယ်စားလှယ် လောင်းတွေ အာမခံကြေး သုံးသိန်းပြန်ရမယ်။ ခရိုင်ကော်မရှင်မှာ ပြန်လျှောက်ထားပြီး ထုတ်ယူရမှာ ပေါ့’’ ၎င်းက ပြောသည်။

အဆိုပါ အာမခံငွေကို ယင်း သို့ ထောက်ခံမဲ ရှစ်ပုံတစ်ပုံရရှိ သည့် ကိုယ်စားလှယ်လောင်းများ အပြင် ကိုယ်စားလှယ်အရည်အ ချင်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အမည်စာရင်းပယ်ချခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းများကို လည်း ပြန်လည်ထုတ်ပေးမည်ဟု ဦးအောင်ထွဋ်က ပြောသည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်လောင်း တစ်ဦးချင်းစီသည် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းစဉ်က အာမခံကြေး ကျပ်သုံးသိန်းကို မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ပေးသွင်းထားရခြင်းဖြစ်သည်။

‘‘အာမခံကြေး ပြန်ထုတ်ဖို့ လာလျှောက်တာတော့ မရှိသေး ဘူး။ လျှောက်ထားလာတဲ့ အ ပေါ်မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တင်ပြပြီး ပြည် ထောင်စုက ခွင့်ပြုပေးတာနဲ့ ပြန် လည်ထုတ်ပေးသွားမှာ ဖြစ်ပါ တယ်’’ဟု မန္တလေးခရိုင်ရွေး ကောက်ပွဲကော်မရှင်အရာရှိ ဦး တင်မင်းအေးက ပြောသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မန္တလေးခရိုင်ရှိ မဲဆန္ဒနယ်မြေများ၌ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်သို့ အမည်စာရင်းတင်သွင်းသည့်လွှတ်တော် ကိုယ်စားလှယ် လောင်း ၁၁၄ ဦးရှိခဲ့ပြီး နှစ်ဦးကိုဥပဒေပါသတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ပယ်ချခဲ့သည်။

ထို့အတွက် မန္တလေးခရိုင် အတွင်း ကိုယ်စားလှယ်လောင်း ၁၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရွေးကောက်ပွဲမနိုင်သော်လည်း အာမခံကြေး ကျပ်သုံးသိန်းပြန်လည် ထုတ်ယူခွင့်ရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၂ ဦးရှိသည်။ ကျန် ၂၃ ဦးမှာ အနိုင် ရလွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ်ပြီး ၁၉ဦးမှာမူ ခိုင်လုံမဲ၏ ရှစ်ပုံတစ်ပုံထောက်ခံမဲရရှိခဲ့သည့်ကိုယ်စားလှယ်လောင်းများဖြစ်သည်ဟု မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

Source: 

7 Day Daily