သမ္မတ၊ တပ်ချုပ်တို့နှင့်တွေ့ဆုံရန်နှစ်ရက်အလို ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း ငါးကြိမ် မြောက်တွေ့

နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးရန် နှစ်ရက်အလိုတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းအား ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ငါးကြိမ် မြောက် သွားရောက်တွေ့ဆုံဆွေး နွေးခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်တွင် ပြု လုပ်သော (၁၃)ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ကျင်းပနေချိန်၌ သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အချိန် ၁ နာရီ မိနစ် ၃၀ ခန့် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်က တစ် စုံတစ်ရာ ထုတ်ဖော်ပြောကြား ခြင်းမရှိသော်လည်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် သူဦးဆောင်သည့် ပါတီသည် အောင်နိုင်ပြီးဖြစ်သော်လည်း မာန်မာနမရှိဘဲ အပြုသဘော ဆောင် နှိမ့်ချဆောင်ရွက်မှုများကို ကြိုဆိုဂုဏ်ပြုရန်လိုကြောင်း သူရဦးရွှေမန်း၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် ၌ ရေးသားထားသည်။

‘‘သူနှင့် သူ့ပါတီဟာ အောင် နိုင်ထားပြီးဖြစ်သော်လည်း မာန် မာနမရှိဘဲ အပြုသဘောဆောင် ပြီး နှိမ့်ချဆောင်ရွက်မှုတွေ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် ဆောင်ရွက်နေတာ တွေကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရ မယ်။ လာမည့်အစိုးရအဖွဲ့ထဲမှာ လည်း ပါဝင်သင့်သည့် တိုင်းရင်း သားအစုအဖွဲ့များ ပါဝင်ရေးကို မျှော်မှန်းထားတယ်ဆိုတာက လည်း မင်္ဂလာသတင်းပါ။ ဒီအ ခွင့်ကောင်းကို ရယူအသုံးပြုပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ကြဖို့ လိုပါတယ်’’ဟု သူရ ဦးရွှေမန်းက ရေးသားထားသည်။

အထွေထွေရွေးကောက်ပွဲ များအပြီး NLD အနိုင်ရလဒ်များ ထွက်ပေါ်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ပထမဆုံးတွေ့ ဆုံခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာ၁၉ ရက်တွင် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး တရားဝင်တွေ့ဆုံမှုကို သူရဦးရွှေမန်းက လက်ခံတွေ့ဆုံခြင်းဖြင့် စတင်ခဲ့ သည်။ ထိုသို့ တွေ့ဆုံပြီး နောက် ပိုင်းတွင်လည်း နှစ်ကြိမ်တွေ့ဆုံခဲ့ ကာ နိုဝင်ဘာ ၃၀ ရက်၌ ထပ်မံ တွေ့ဆုံခြင်းဖြင့် ရွေးကောက်ပွဲ အပြီး ငါးကြိမ်မြောက်အဖြစ် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက် သူရဦးရွှေ မန်းနှင့် ရွေးကောက်ပွဲရလဒ်အ ကောင်အထည်ဖော်ရေး ပထမ ဆုံးတွေ့ဆုံပြီး နောက်ပိုင်းတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်း ရွှေ၏ မြေးဖြစ်သူ နေရွှေသွေး အောင်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် သို့ လာရောက်တွေ့ဆုံခဲ့သည်။ အဆိုပါဖြစ်ရပ်များအပြီး ရက်ပိုင်း ခန့်အကြာတွင် ဒေါ်အောင်ဆန်းစု ကြည်တောင်းဆိုထားသည့် တွေ့ ဆုံဆွေးနွေးရေးကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့က ဒီဇင်ဘာ ၂ ရက်၌ တွေ့ဆုံရန် အကြောင်း ပြန်ခဲ့ခြင်းဖြစ်သည်။

Source: 

7 Day Daily