ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ပထမဆုံးအကြိမ်သီးသန့်တွေ့ဆုံမည်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက် နေ့လယ် ၂နာရီတွင် နေပြည် တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး ၌ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် မေ တ္တာရပ်ခံထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံ ခွင့်ကိစ္စကို ဒီဇင်ဘာ ၂ရက် နေ့ လယ် ၂နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးရှိ ဧည့်ရိပ်သာ၌ တွေ့ဆုံနိုင်ရန် စီစဉ်ထားကြောင်း တပ်မတော်က နိုဝင်ဘာ ၃ဝရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ရက် နံနက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနေ့ နေ့လယ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမည်ဖြစ်သည်။

နိုဝင်ဘာ ၈ရက် ရွေးကောက် ပွဲတွင် အပြတ်အသတ်အနိုင်ရရှိ ထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံသည့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ပြည်ထောင်စုလွှတ်တော်နာယကတို့ထံ နိုဝင်ဘာ၁ဝရက်က စာတစ်စောင်စီ ပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအပေါ် ပြည်ထောင် စုလွှတ်တော်နာယကသူရဦးရွှေ မန်းက နိုဝင်ဘာ ၁၉ရက် နံနက် တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

သမ္မတနှင့် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ သီးခြားစီတွေ့ဆုံမှု များသည် မြန်မာ့နိုင်ငံရေးစပ်ကူး မပ်ကူးကာလတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေအကျပ်အတည်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအကျပ်အ တည်းတို့ကို အဖြေရှာနိုင်ရန် အ ရေးကြီးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးကို မြင့်မြင့်မား မားအထောက်အကူပြုနိုင်သည့် တွေ့ဆုံမှုများဖြစ်မှသာ ပြည်သူ လူထု၏ မျှော်လင့်ချက်များကို ထင်ဟပ်နိုင်မည်ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

ထို့အပြင် တွေ့ဆုံမှုတွင် ဆက်လက်ညှိနှိုင်းရန် လိုအပ်ဆဲ သီးခြားကိစ္စများ၊ ထိလွယ်ရှလွယ် သောကိစ္စများမှအပ တွေ့ဆုံပွဲ၏ ရလဒ်ကို ပြည်သူလူထုသိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီထုတ်ပြန် ရေးကို နှစ်ဖက်စလုံးကအလေးအ နက်ထားသင့်သည်ဟု ဒေါက်တာ ရန်မျိုးသိမ်းကဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာ၌ ဆွေးနွေးလာမည့် အကြောင်းအရာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်ဆွေးနွေးရန် ကြံရွယ်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကဖြေကြားထားသည်။

Source: 

7 Day Daily