ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးခဲ့သည်ကို တွေ့မြင်ရ၍ ဂုဏ်ယူကြောင်း ဂျပန်နိုင်ငံ ဒုတိယ သံအမတ်ကြီး ပြောကြား

အခုလို အရေးကြီးတဲ့အချိန်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်
မှုကို အစွမ်းကုန်မြှင့်တင်ပေးဖို့ ကြိုးစားဆောင်ရွက်နေသလို ဂျပန်- မြန်မာ
ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲလိုတာကြောင့် ပါဝင်ခွင့်ရတာ ဝမ်းသာပါကြောင်း
၊ မကြာခင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမျှတစွာ ကျင်းပပေးခဲ့သည်ကို
တွေ့မြင်ရ၍ ဂျပန်နိုင်ငံအနေဖြင့် ဂုဏ်ယူပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျ
ပန်နိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Mr. Maruyama Ichiro က ပြောကြား
သည်။ နိုဝင်ဘာ ၂၆ ရက် နံနက်က ကျင်းပသည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့
နယ် ကမ္ဘာ့အေးဘုရားလမ်း အမှတ် (၅၁- D) ရှိ ရှင်ရဲထွဋ် Super hotel ဖွင့်ပွဲ၌
ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရှင်ရဲထွဋ် Group ဥက္ကဋ္ဌ
ဦးရဲထွဋ်က “ ဂျပန် ကုမ္ပဏီ ကြီးတွေက သီလဝါ အထူးစီးပွားရေးဇုန်ကို
စိတ်ဝင်စားသလို ဂျပန်လုပ်ငန်းရှင်တွေကလည်း ဟိုတယ်အသေးစား
လေတွေ၊ စားသောက်ဆိုင်၊ ခရီးသွား၊ ဆောက်လုပ်ရေး လုပ်ငန်းတွေကို
ရင်းနှီးမြှုပ်နှံ ချင်ကြတယ်။ ဒါကို ကျွန်တော်တို့ ပူးပေါင်းပေးမယ်။ အခု
ဟိုတယ်မှာ အထပ်ပေါင်း ၁၂ ထပ်ခွဲ့နဲ့ အခန်းပေါင်း ၇၆ ခန်း ခန့်ဖြင့် ဖွဲ့
စည်းထားတယ်။ ထူးခြားမှုက ဂျပန်ဓလေ့ရိုးရာ ရေပူရေအေး ကန်များ
၊ ဂျပန်စတိုင် သီးသန့် ဝန်ဆောင်မှုများနဲ့ ဆောင်ရွက်ထားပါတယ်” ဟု
ပြောကြားသည်။ ပြီးခဲ့သည့် နှစ်များအတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခ
ရီးသည်ဝင်ရောက်မှုနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၈ ဒသမ ၁၈ သိန်း၊ ၂၀၁၂
ခုနှစ်တွင် ၁ ဒသမ ၀၅ သန်း၊ ၂၀၁၃ ခုနှစ်တွင် စံချိန်တင် သမိုင်းဝင်
အဖြစ် နိုင်ငံတကာ ခရီးသွား ၂ ဒသမ ၀၄ သန်းအထိ ဝင်ရောက်မှု ရှိခဲ့ပြီး
တိုးတက်မှု ၉၃ ဒသမ ၀၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ၃ ဒသမ ၈ သန်းဝင်ရောက်ခဲ့ပြီး ယခုနှစ်
အတွင်း ငါးသန်းကျော် ဝင်ရောက်နိုင်ရန် မျှော်မှန်းထားရာ စက်တင်
ဘာလအထိ ၃ ဒသမ ၇ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: 

Democracy Today