မွန်ပြည်နယ် ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော် ကိုယ်စားလှယ် လောင်း ၂၇၉ ဦးသည် နိုဝင်ဘာ ၂၄ ရက်အထိ ရွေးကောက်ပွဲအ သုံးစရိတ် လာရောက်တင်သွင်း သူ မရှိသေးကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သတင်းရရှိသည်။
‘‘ ပြည်နယ်ကော်မရှင်မှာ တော့ အသုံးစရိတ်တင်ရမယ့် တိုင်းရင်းသားဝန်ကြီး ကိုယ်စား လှယ် ၁၂ ဦးစလုံး အခုချိန်ထိ လာ မတင်ရသေးဘူး။ ကျန်တဲ့ ကိုယ်စားလှယ်တွေက သက်ဆိုင် ရာ ခရိုင်ကော်မရှင်ရုံးမှာ ဒီအသုံး စရိတ်ကို တင်ပေးရမယ်’’ဟု ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး မှ ဒုညွှန်ကြားရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။
မွန်ပြည်နယ်တွင် တိုင်းရင်းသားဝန်ကြီးမဲဆန္ဒနယ် ဗမာ၊ ပအိုဝ်း၊ကရင် သုံးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း ၁၂ ဦးရှိသည်။
မော်လမြိုင်ခရိုင် ရွေး ကောက်ပွဲကော်မရှင် တာဝန်ခံ ဦးထင်ကျော်က ‘‘တင်ပေးရမယ့် ရက်က ကျန်သေးတော့ လာမ တင်သေးတာလည်း ပါတယ်။ ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးတင် ရမယ်ဆိုတော့ ဘယ်သူတွေလာ တင်တယ်၊ မတင်ဘူးဆိုတာ အဲဒီ နေ့မှ သိရမယ်။ မတင်တဲ့သူတော့ နောက်ရွေးကောက်ပွဲဆို ဝင်ပြိုင်လို့မရတော့ဘူး’’ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ကိုယ်စားလှယ် လောင်းအမည်စာရင်း ကြေညာ ပြီး ရက်ပေါင်း ၃၀ အတွင်း ရွေး ကောက်ပွဲကာလ အသုံးစရိတ် များကို ပုံစံ ၂၀ ဖြင့် သက်ဆိုင်ရာ ကော်္မရှင်ရုံးသို့ ကုန်ကျစရိတ် ဘောက်ချာများတင်ပြပြီး ငွေ ဘောက်ချာများတွင် အခွန်တံ ဆိပ်ခေါင်း ကပ်ရမည်ဖြစ်ကာ ကိုယ်စားလှယ်လောင်းများ တင် ပြထားသော ကုန်ကျစရိတ်စာရင်း မှန်ကန်ကြောင်း သက်ဆိုင်ရာ မြို့ နယ်တရားသူကြီးရှေ့၌ ကျမ်းကျိန်ရမည် ဖြစ်သည်။
ပြည်နယ်လွှတ်တော်တစ် နေရာတွင် အနိုင်ရရှိသူ ဒေါက်တာအောင်နိုင်ဦးက ‘‘ကျွန်တော်ကတော့ ဒီတစ်ပတ်အတွင်း သွား တင်ဖို့ လုပ်ထားတယ်။ အနိုင်ရတဲ့ သူရော၊ ရှုံးသွားတဲ့သူရော ကုန်ကျစရိတ်ကို တင်ရမယ်ဆိုတော့ တချို့ရှုံးသွားတဲ့သူက မတင်ချင်တော့ဘူး။ သူ့အတွက်ဘာမှလည်း မထူးဘူးဆိုပြီး’’ ဟုပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ရက်အ တွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်သော်နည်းဥပဒေပုဒ်မ ၈၀(ဃ)အရ ပျက်ကွက်သည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများအား အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေ ညာသွားမည် ဖြစ်သည်