Invitation for Artists

Wednesday September 2, 2020

အနုပညာရှင်များအား ဖိတ်ခေါ်ခြင်း။

ကျွန်ုပ်တို့၏ အတွေးအမြင်များကို ထုတ်ဖော်ခြင်း နှင့် ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းအတွင်း မတူကွဲပြားမှုများကို ဖော်ကျူးခြင်းများ ပြုလုပ်ရာတွင် အနုပညာသည် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများသည် စုံလင်ကွဲပြားသော အနုပညာဖန်တီးမှုများက မဲဆန္ဒရှင်များအား ရွေးကောက်ပွဲ နေ့တွင် ပါဝင်ဆောင်ရွက်လာနိုင်စေရန် မည်သို့ စေ့ဆော်အားပေး နိုင်မည်ကို မြင်တွေ့ရမည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။

IFES သည် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများကို စေ့ဆော်တွန်းအား ပေးရာတွင် အနုပညာကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်စေမည့် အခွင့်အလမ်း အမျိုးမျိုးတို့တွင် ပါဝင်ဆောင်ရွက် လာနိုင်စေရန် ရည်ရွယ်လျက် နယ်ပယ်အသီးသီးရှိ အနုပညာရှင်များထံမှ တင်ပြလျှောက်ထားမှုများကို ရှာဖွေလျက်ရှိပါသည်။

တင်ပြလျှောက်ထားမှုများသည် ရွေးကောက်ပွဲများနှင့် ဆက်စပ်သည့် ခေါင်းစဉ် (၃) ခု အနက်မှ အနည်းဆုံးတစ်ခုကို အသားပေးတင်ဆက်ရမည် ဖြစ်ပါသည်။

၁။ အားလုံးအကျုံးဝင်မှုရှိသည့် ဒီမိုကရေစီတွင်ပါဝင်ခြင်း

၂။ လုံခြုံစိတ်ချရသော ရွေးကောက်ပွဲများ

၃။ သင့်အတွက် မဲပေးခြင်း၏ အရေးပါမှု

ပေးပို့လျှောက်ထားမှုများ ပြုလုပ်ရာတွင် အောက်ပါအခွင့်အလမ်းများကို အသုံးပြုနိုင်ပါသည်။

အခွင့်အလမ်း ၁။ မဲဆန္ဒရှင်ပညာပေး နှာခေါင်းစည်း ဖန်တီးခြင်း

IFES သည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မဲဆန္ဒရှင်များကို ဖြန့်ဝေရန် မဲဆန္ဒရှင်ပညာပေး ဒီဇိုင်း သုံးခုဖြင့် နှာခေါင်းစည်းများကို ရိုက်နှိပ်မည် ဖြစ်ပါသည်။ “အတူမဲပေးကြစို့” ဖေ့စ်ဘွတ် စာမျက်နှာတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအနှံ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အနုပညာရှင်များအား မူရင်းအနုပညာဖန်တီးမှုပေးပို့ရန် တိုက်တွန်းလိုက်ပါသည်။ တစ်ဦးချင်းအနုပညာရှင် (သို့) အုပ်စုလိုက် အနုပညာရှင်များမှ ပေးပို့မှုများကို လက်ခံသွားမည် ဖြစ်ပါသည်။ မဲပေးရွေးချယ်သူများသည် အကောင်းဆုံး ဒီဇိုင်း (၃) ကို ရွေးချယ်ရန် ပေးပို့လာသည့် ဒီဇိုင်းများကို ရွေးချယ်ကြမည် ဖြစ်ပါသည်။ အကောင်းဆုံးအဖြစ် ရွေးချယ်ခံရသည့် ဒီဇိုင်းများကို အနည်းဆုံး နှာခေါင်းစည်း ၂၀၀၀၀ အတွက် ရိုက်နှိပ်မည် ဖြစ်ပါသည်။

ဒီဇိုင်းသည် အောက်ပါ အရွယ်အစား (၂) ခုမှ တစ်ခု ဖြစ်ရမည်။

ရွေးချယ်စရာ (၁)။ အချင်းအားဖြင့် အနံ ၁.၃ လက်မ x အလျား ၂ လက်မ

ရွေးချယ်စရာ (၂)။ အချင်းအားဖြင့် အနံ ၂ လက်မ နှင့် အလျား  ၀.၈ လက်မ

ဒီဇိုင်းများသည် အားလုံးအကျုံးဝင်မှုရှိစေရမည်ဖြစ်ပြီး၊ နိုင်ငံရေးအရ ဘက်မလိုက်ရပါ။

ပေးပို့လျှောက်ထားမှုများတွင် အောက်ပါတို့ပါဝင်ရမည်။

  • ပေးပို့သော ဒီဇိုင်းအတွက် ရှင်းလင်းချက် စာပိုဒ်တစ်ပိုဒ် ပါဝင်ရမည်။
  • ဒီဇိုင်းကို jpg နှင့် photoshop နှစ်ဖိုင်ဖြင့် ပေးပို့ရမည်။
  • အနုပညာရှင်များ၏ နာမည် (များ) နှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်တို့ကို ဖော်ပြရမည်။
  • ပေးပို့သည့်ဒီဇိုင်းသည် ခေါင်းစဉ် (၃) ခုအနက်မှ မည့်သည့်တစ်ခုနှင့် ဆက်စပ်သည်ကို ဖော်ပြပေးရမည်။   

ပေးပို့လျှောက်ထားမှုများကို admin@ifesmyanmar.org ထံသို့ စက်တင်ဘာလ (၁၁) ရက် တွင် နောက်ဆုံးထား အီးမေးလ် ပေးပို့ရမည်။ အီးမေးလ်ပေးပို့ရာတွင် အီးမေးလ်အကြောင်းအရာ (Subject) နေရာ၌ OPTION 1  (ရွေးချယ်စရာ ၁) ဟုဖော်ပြပေးရပါမည်။

အခွင့်အလမ်း ၂။ မဲပုံးအကြီးနမူနာ ဒီဇိုင်းဖန်တီးခြင်း

IFES သည် ၎င်း၏ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့စည်းများနှင့် ပူးပေါင်းကာ အများပြည်သူနေရာများဖြစ်သည့် ဈေးများ၊ လမ်းဆုံလမ်းခွများ စသည့် နေရာများတွင် ထားရှိရန် မဲပုံးကြီး အနည်းဆုံး ၁၀ လုံးကို ထုတ်လုပ်မည် ဖြစ်ပါသည်။ မဲပုံးများကို ရွေးကောက်ပွဲနေ့မတိုင်ခင် မဲဆန္ဒရှင်ပညာပေး သတင်းစကားများ ပြသရန်နှင့် မဲဆန္ဒရှင်ပညာပေး ထုတ်ဝေမှုများ ဖြန့်ဝေရန်နေရာများ အဖြစ် အသုံးပြုမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသော အနုပညာရှင်များသည် မဲပုံးအကြီးနမူနာ ဒီဇိုင်းဖန်တီးရန် ဒီဇိုင်းစိတ်ကူး/အယူအဆကို ပေးပို့ရမည် ဖြစ်ပါသည်။ အတိုင်းအတာများမှာ အလျား၊ အနံ ၅ ပေစီ အချိုးတူညီရမည် ဖြစ်ပါသည်။ ဒီဇိုင်းများကို မဲပုံး၏ လေးဘက်လေးနံ နှင့် အပေါ်ဘက်ကိုပါ ဖုံးအုပ်မည့် ဗီနိုင်းပေါ်တွင် ဒီဇိုင်းရိုက်နှိပ်မည် ဖြစ်ပါသည်။ မဲဆန္ဒရှင်ပညာပေး သတင်းစကားများ ဖြန့်ဝေရန်အတွက် တစ်ဖက်ချင်းစီတွင် အလျား ၁ ပေ၊ အနံ ၂ ပေ အကျယ်ကို နေရာပေးထားရမည် ဖြစ်ပါသည်။ မဲပုံးသည် အခြားအရာများကို ပူးတွဲကပ်ထားရန် လိုအပ်သည့် ဒီဇိုင်း ဖြစ်ရပါ။

ပေးပို့လျှောက်ထားမှုများတွင် အောက်ပါတို့ပါဝင်ရမည်။

  • ဒီဇိုင်းကို jpg နှင့် photoshop နှစ်ဖိုင်ဖြင့် ပေးပို့ရမည်။
  • အနုပညာရှင်များ၏ နာမည် (များ)ကို ဖော်ပြရမည်။
  • ပေးပို့သည့်ဒီဇိုင်းသည် ခေါင်းစဉ် (၃) ခုအနက်မှ မည့်သည့်တစ်ခုနှင့် ဆက်စပ်သည်ကို ဖော်ပြပေးရမည်။ 

ပါဝင်သောအနုပညာရှင်များ၏ ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ဖော်ပြပေးရမည်။

ပေးပို့လျှောက်ထားမှုများကို admin@ifesmyanmar.org ထံသို့ စက်တင်ဘာလ (၁၁) ရက် တွင် နောက်ဆုံးထား အီးမေးလ် ပေးပို့ရမည်။ အီးမေးလ်ပေးပို့ရာတွင် အီးမေးလ်အကြောင်းအရာ (Subject) နေရာ၌ OPTION 2  (ရွေးချယ်စရာ ) ဟုဖော်ပြပေးရပါမည်။

အခွင့်အလမ်း ၃။ ရုပ်ပုံကားချပ် (သို့) ကြော်ငြာဆိုင်းဘုတ်ဒီဇိုင်းအတွက် ပံ့ပိုးပေးခြင်း

IFES သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများတွင် ရုပ်ပုံကားချပ်များ (သို့) ကြော်ငြာဆိုင်းဘုတ်များ ထားရှိမည်ဖြစ်ပါသည်။ IFES အနေဖြင့် ကြော်ငြာဆိုင်းဘုတ် (သို့) ရုပ်ပုံကားချပ်များ ဖန်တီးရန် စိတ်ဝင်စားသော အနုပညာရှင်များနှင့်အတူ အလုပ်လုပ်ချင်ပါသည်။ ဒီဇိုင်းကို အခြားမြန်မာနိုင်ငံသား နှင့်အတူ ပူးပေါင်း၍ ဖန်တီးနိုင်သကဲ့သို့ နိုင်ငံခြားသား အနုပညာရှင်များနှင့်လည်း လက်ခံနိုင်ပါသည်။  လိုအပ်သော လက်ရာဖန်တီးမှုဆိုင်ရာ အထောက်အပံ့များအားလုံးကို IFES မှပံ့ပိုးပေးမည်ဖြစ်ပြီး ကြော်ငြာဆိုင်းဘုတ်/ရုပ်ပုံကားချပ် ထားရှိမည့် နေရာများကို လုံခြုံရေးရှိစေမည် ဖြစ်သည်။ လိုအပ်ပါက IFES မှ အချောသတ် ရုပ်ပုံကားချပ် ဖန်တီးမှုနှင့် ဆက်စပ်သည့် ခရီးစရိတ်များကို ကျခံပေးမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသော အနုပညာရှင်များသည် ကိုယ်ရေးအကျဉ်းချုပ်နှင့် အလုပ်ရာဇဝင် (Resume) အပြင် ဖန်တီးခဲ့သော လက်ရာ ၃ ခုကို ပေးပို့ပေးရပါမည်။ ပေးပို့လျှောက်ထားမှုများကို admin@ifesmyanmar.org ထံသို့ စက်တင်ဘာလ (၁၁) ရက် တွင် နောက်ဆုံးထား အီးမေးလ် ပေးပို့ရမည်။ အီးမေးလ်ပေးပို့ရာတွင် အီးမေးလ်အကြောင်းအရာ(Subject) နေရာ၌ OPTION 3 (ရွေးချယ်စရာ ၃) ဟုဖော်ပြပေးရပါမည်။

အခွင့်အလမ်း ၄။ တစ်နိုင်ငံလုံးအနှံ့ အွန်လိုင်းအနုပညာပွဲတော်တွင် ပါဝင်ဆင်နွဲခြင်း

IFES သည် ရွေးကောက်ပွဲနေ့မတိုင်မီ မဲဆန္ဒရှင်ပညာပေးဆိုင်ရာ အနုပညာလက်ရာများကို ပြသရန် တစ်နိုင်ငံလုံးအနှံ့ အွန်လိုင်းအနုပညာပွဲတော်ကို ကျင်းပမည် ဖြစ်ပါသည်။ အနုပညာပွဲတော်ရက်များသည် ရွေးကောက်ပွဲနေ့ပေါ်မူတည်ပြီး သတ်မှတ်မည်ဖြစ်ပါသည်။ သို့သော် စက်တင်ဘာလအတွင်း ဖြစ်မည်ဟု ခန့်မှန်းထားပါသည်။ အနုပညာပွဲတော်တွင် အောက်ပါတို့ပါဝင်သော မတူညီသည့် အနုပညာကြားဖန်တီးမှု လက်ရာမျိုးစုံကို ပြသကာ မဲဆန္ဒရှင်ပညာပေးခြင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

  • ဓာတ်ပုံ
  • ဂရက်ဖစ်ဒီဇိုင်း
  • ရုပ်ရှင်/ကာတွန်း
  • ပန်းချီ/ခဲခြစ်ပန်းချီ
  • အက
  • ဂီတ

အနုပညာရှင်များ၏ ပေးပို့လျှောက်ထားမှုများကို လူမှုမီဒီယာ စာမျက်နှာများတွင်လည်းကောင်း၊ အွန်လိုင်းအနုပညာ ပြခန်းတစ်ခုဖြင့်လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာအသီးသီးတို့တွင် ခင်းကျင်း ပြသခြင်းဖြင့်လည်းကောင်း ပြသသွားမည် ဖြစ်ပါသည်။ ပေးပို့လာသည့် အနုပညာလက်ရာများကို လွတ်လပ်သော အကဲဖြတ်ဒိုင်များဖြင့် ရွေးချယ်သွားမည် ဖြစ်ပါသည်။ အနုပညာရှင် တစ်ဦး သို့မဟုတ် အနုပညာရှင်အဖွဲ့ တစ်ဖွဲထံမှ လက်ရာတစ်ခုကိုသာ လက်ခံသွားမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသော အနုပညာရှင်များသည် ကိုယ်ရေးအကျဉ်းချုပ်နှင့် အလုပ်ရာဇဝင် (Resume)၊ ဖန်တီးခဲ့သော လက်ရာ ၃ ခုတို့နှင့်တကွ ပူးတွဲပါ အကြောင်းအရာဖောင်ပုံစံကို ဖြည့်ကာ ပေးပို့ပေးရပါမည်။ ပေးပို့လျှောက်ထားမှုများ ကို admin@ifesmyanmar.org ထံသို့ စက်တင်ဘာလ (၁၁) ရက် တွင် နောက်ဆုံးထား အီးမေးလ် ပေးပို့ရမည်။ အီးမေးလ်ပေးပို့ရာတွင် အီးမေးလ်အကြောင်းအရာ (Subject) နေရာ၌ OPTION 4 (ရွေးချယ်စရာ ၄) ဟုဖော်ပြပေးရပါမည်။

လိုက်နာရမည့် စည်းမျဉ်းသတ်မှတ်ချက်များ

  • ပေးပို့လျှောက်ထားမှုများသည် နိုင်ငံရေးအရ ဘက်မလိုက်ဘဲ အားလုံးပါဝင်နိုင်ရမည်။ နိုင်ငံရေးအရ ဘက်လိုက်မှု ရှိသော ပေးပို့လျှောက်ထားမှုများကို ထည့်သွင်းစဉ်းစားရွေးချယ်မည် မဟုတ်ပါ။  ယင်းအထဲတွင် ပါတီများ (သို့) ရွေးကောက်ခံကိုယ်စားလှယ်များအား ဖော်ပြခြင်းတို့ပါဝင်ပါသည်။
  • ပေးပို့လျှောက်ထားမှုများသည် မည်သည့် တစ်စုံတစ်ဦး (သို့) အစုအဖွဲ့တစ်ခုကိုမျှ ပုတ်ခတ်ပြောဆိုခြင်း (သို့) ခွဲခြားဆက်ဆံခြင်း မရှိရပါ။
  • ပေးပို့လျှောက်ထားမှုများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (သို့) သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး (သို့) မြို့နယ်အာဏာပိုင်များမှ ထုတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ ပြည်သူ့ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာရမည်။
  • ရွေးချယ်ခံရသော အနုပညာရှင်များသည် အပြီးသတ်လက်ရာများတွင် ၎င်းတို့၏နာမည်များ (သို့) အဖွဲ့နာမည်များ သတ်မှတ်ပေးထားရမည်ဖြစ်သည်။
  • အနုပညာလက်ရာများကို ပေးပို့ခြင်းဖြင့် အနုပညာရှင်များသည် မဲဆန္ဒရှင်နှင့် နိုင်ငံသားပညာရေးဆိုင်ရာ ထုတ်ဝေမှုများတွင် ရုပ်ပုံများအား ထုတ်ဝေသုံးစွဲခွင့်ကို IFES အားပေးပြီးဖြစ်သည်ကို သိရှိထားရပါမည်။ ယင်းအထဲတွင် ပုံနှိပ်မည့်ပစ္စည်းများ  (ဥပမာ။ နှာခေါင်းစည်း၊ ပိုစတာ) နှင့် လူမှုမီဒီယာ၊ ဝက်ဘ်ဆိုဒ်များတွင် ပြသခြင်းများ ပါဝင်ပါသည်။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (သို့) အရပ်ဖက်လူမှုအဖွဲ့အစည်း မိတ်ဖက်များမှ ထုတ်ဝေသော မဲဆန္ဒရှင်ပညာပေး သတင်းစကားများ (သို့) ဆောင်ပုဒ်များကိုအခြေခံကာ ပေးပို့လျှောက်ထားမှုများအပေါ် ပြင်ဆင်သင့်သည်များကို IFES မှ တောင်းဆို (သို့) အကြုံပြုနိုင်သည်ကို အနုပညာရှင်များ အနေဖြင့် သိရှိထားရမည် ဖြစ်သည်။
  • IFES သည် ပေးပို့လျှောက်ထားမှုများ၏ အရည်အသွေးကိုကြည့်၍ နောက်ဆုံးရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် အရေအတွက်ကို အတိုးအလျှော့ ပြုလုပ်နိုင်သည့် အခွင့်အရေးရှိသည်။