သတင်းများ
နိုင်ငံတော်အကြီးအကဲ တာဝန်လွဲပြောင်းမည့် အခမ်းအ နားအစီအစဉ်အတွက် အစိုးရ ဘက်မှ ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား လေးကြိမ်မြောက် ဆက်လက်ညှိနှိုင်း ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မူဝါဒများ၊ အသွင်ကူး ပြောင်းရေး ကိစ္စရပ်များနှင့်ပတ် သက်၍ ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်အပြင် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာဇော်မြင့်မောင်အား ပြောရေး ဆိုခွင့်ရှိသူအဖြစ် တိုးချဲ့တာဝန် ပေးအပ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက မတ်လ ၈ ရက်တွင် သတင်းထုတ်
အစိုးရသစ်ဖွဲ့စည်းရ မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၎င်းတို့၏ကာလရှည်မဟာ မိတ်ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)ကို ပြည် ထောင်စုအစိုးရအဖွဲ့တစ်နေရာ ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
လက်ရှိအကျပ်အတည်း ကာလတွင် ဒီမိုကရေစီ အင်အား စုအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ဦးတည်ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်များက မတ်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အစိုးရအဖွဲ့သစ်ထံ အာ ဏာလွှဲပြောင်းရေးအခမ်းအနား ကို နိုင်ငံတော်သမ္မတအိမ်တော် တွင် ပြုလုပ်မည်မဟုတ်ဘဲ ပြည် သူ့လွှတ်တော်၌သာ ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာ လျှင် ဝန်ကြီးဌာနများကို လျှော့ချ မည်ဖြစ်ပြီး ဝန်ကြီးဌာန ၂၀ ကျော် သာ ကျန်ရှိမည်ဖြစ်ကြောင်း မတ်လ ၄ ရက်က ဒေါ်အောင် ဆန်းစုကြည်၏ နေပြည်တော် နှင်းဆီစံအိမ်၌ ပြုလုပ်သောအ စည်းအဝေးအပြီးတွင် ဦးဝင်းထိန် က ပြောကြားသည်။
ပြည်ထောင်စုအ ဆင့်ဝန်ကြီးများတွင် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနည်းစုသာပါဝင်နိုင်ဖွယ်ရှိကြောင်း ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မတ်လ ၄ ရက်တွင် နေပြည်တော်ရှိဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီစံအိမ်၌ ပြုလုပ်သော အစည်းအဝေးအပြီး မီဒီယာများအား ပြောသည်။
နိုင်ငံတော်အကြီး အကဲတာဝန် လွှဲပြောင်းမည့်အ ခမ်းအနားအစီအစဉ် လျာထား ချက်တွင် သမ္မတနှစ်ဦးကို ဂုဏ်ပြု တပ်ဖွဲ့ဖြင့် အလေးပြုမည့်အစီ အစဉ်ပါဝင်ကြောင်း သမ္မတပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။
ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တင်သွင်းထား သည့် ကန့်ကွက်လွှာများကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရုံးက မတ်လ ၁၀ ရက်မှစ၍ ပြည်နယ်များသို့ သွားရောက် စိစစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လွှတ်တော်တွင်း ရှိ လွှတ်တော်ကိုယ်စားလှယ်များ ပါတီရေးရာလုပ်ငန်းများ ဆွေးနွေးနိုင်ရန် လွှတ်တော်အဆောက်အအုံအတွင်း သက်ဆိုင်ရာပါတီအလိုက် ရုံးခန်းများ စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။