အစိုးရဖွဲ့စည်းမှု
အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ၀န်ကြီးများ ခန့်အပ်ရေး၊ ၀န်ကြီးဌာနများ သတ်မှတ်ရေးနှင့်ပတ်သက်၍ ရွေး ကောက်ပွဲအနိုင်ရ အင်န်အယ်လ် ဒီပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်က ဒုသမ္မတအဖြစ် တင် မြောက်ခံရသည့် ဦးထင်ကျော်တို့ ညိနှိုင်းဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။
နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်၌ လျှို့ဝှက်မဲဖြင့် မဲပေးရွေးချယ်ရာတွင် ပယ်မဲဟု သတ်မှတ်နိုင်သည့် အခြေအနေ ခုနစ်မျိုးရှိကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ နည်းဥပဒေ၌ ဖော်ပြပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်တို့ မှ တင်မြောက်ထားသောဒုသမ္မတ သုံးဦးတို့အား သမ္မတအရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ် ထားသော တွေ့ရှိချက်ကို ယနေ့ (မတ်လ ၁၄ ရက်)ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးမှ ရွေးချယ်ထားသည့် ဒုတိယသမ္မတများသည် သမ္မတ အရည်အချင်းနှင့် ကိုက်ညီခြင်း ရှိမရှိ စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လာမည့် မတ်လ ၁၄ ရက် တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည် ဖြစ်သည်။ ထို့ပြင် ဒုတိယသမ္မတ
ပြည်သူ့လွှတ်တော်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၀င်ကိုယ်စားပြု ဒုတိယသမ္မတလောင်းအဖြစ် အ မည်စာရင်းတင်သွင်းထားသည့် ဦးထင်ကျော်သည် အခြေခံဥပဒေ ပါ ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက်များနှင့် ဆန့်ကျင် ခြင်းလုံဝမရှိကြောင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသည့် သမ္မတလောင်းစိစစ်ရေးအဖွဲဝင် ပြည်သူ့
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့မှ တင်သွင်းမည့် ဒုသမ္မတအ မည်စာရင်းကို ယနေ့ (မတ်လ ၁၁ ရက်)တွင် ထုတ်ပြန်ကြေညာ ရန်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အကြီးအကဲ တာဝန်လွဲပြောင်းမည့် အခမ်းအ နားအစီအစဉ်အတွက် အစိုးရ ဘက်မှ ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား လေးကြိမ်မြောက် ဆက်လက်ညှိနှိုင်း ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အစိုးရသစ်ဖွဲ့စည်းရ မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၎င်းတို့၏ကာလရှည်မဟာ မိတ်ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)ကို ပြည် ထောင်စုအစိုးရအဖွဲ့တစ်နေရာ ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
လက်ရှိအကျပ်အတည်း ကာလတွင် ဒီမိုကရေစီ အင်အား စုအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ဦးတည်ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်များက မတ်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အစိုးရအဖွဲ့သစ်ထံ အာ ဏာလွှဲပြောင်းရေးအခမ်းအနား ကို နိုင်ငံတော်သမ္မတအိမ်တော် တွင် ပြုလုပ်မည်မဟုတ်ဘဲ ပြည် သူ့လွှတ်တော်၌သာ ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။