သတင်းများ
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီက ကိုယ်စားလှယ်သုံးနေရာသာ အနိုင်ရရှိခဲ့ပြီး အရှုံးနှင့် ရင်ဆိုင်ရခြင်းသည် လွတ်လပ်သော မွန်အမျိုးသားအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့ (M23) ကြောင့်လည်းပါသည်ဟု မွန်အမျိုးသားပါတီ (MNP) က သုံးသပ်သည်။ မွန်အမျိုးသားပါတီသည် မဲရှုံးရခြင်းအကြောင်းအရင်းနှင့်
ပထမအကြိမ် မွန် ပြည်နယ်လွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည် စတင်မည်ဟု မွန်ပြည်နယ် လွှတ် တော်ရုံးမှ သတင်းရရှိသည်။
ပထမအကြိမ် မန္တ လေးတိုင်းဒေသကြီး (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးများ ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေကိစ္စ များ အဓိကဆွေးနွေးဖွယ်ရှိ ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေ ပြည်တော်တွင် တွေ့ဆုံမည့် ဒီဇင် ဘာ ၂ရက်(ယနေ့)၌ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနက် နိုဝင်ဘာ ၃၀ ရက်အထိ အသုံးစရိတ်တင်ထား သည့် ကိုယ်စားလှယ်လောင်းငါးဦးသာရှိကြောင်း ခရိုင်ရွေးကောက် ပွဲကော်မရှင်မှ သတင်းရရှိသည်။
ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခုချင်းအလိုက်တွင် ခိုင်လုံ မဲ၏ ရှစ်ပုံတစ်ပုံထောက်ခံမဲရရှိခဲ့ သည့် ကိုယ်စားလှယ်လောင်း များအား အာမခံကြေးငွေကျပ် သုံးသိန်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲမှ သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်လောင်း ၃၀၀ ကျော် အနက် ငါးဦးသာ အနိုင်ရရှိခဲ့ ကြောင်း ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးရန် နှစ်ရက်အလိုတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းအား ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ငါးကြိမ် မြောက် သွားရောက်တွေ့ဆုံဆွေး နွေးခဲ့သည်။
တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက် နေ့လယ် ၂နာရီတွင် နေပြည် တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး ၌ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုကာလမှ ပြီးခဲ့သည့်နိုဝင် ဘာ ၂၃ ရက်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများအတွက် ရဲစခန်းများ၌ အမှုဖွင့်တိုင်ကြားမှု ၇၃ မှုရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှသတင်းရရှိသည်။