၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ - ကျွန်ုပ် မည်သည်ကို သိရှိရန် လိုအပ်သနည်း

ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ အဘယ်နည်း ?

အမျိုးသားလွတ်တော်၊ ပြည်သူ့လွတ်တော်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွတ်တော်များတွင် နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း သို့မဟုတ် ရွေးကောက်ခံထားရသော ကိုယ်စားလှယ်တစ်ဦး နုတ်ထွက်ခြင်း စသောအခြေအနေများအတွက် လစ်လှပ်ရာထူးနေရာများပေါ်ပေါက်လာသောအခါ ၎င်းရာထူးများ၌ ဖြည့်ဆည်းရန် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပခြင်းဖြစ်ပါသည်။

မည်သည့်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်နည်း ?

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက် ၊ ၂၀၁၈ စနေနေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲနေ့တွင် နိုင်ငံသားများ ဆန္ဒမဲပေးရမည့် သူများသည် မည်သူတို့ဖြစ်သနည်း?

ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ် ၁၃ နေရာအတွက် ဆန္ဒမဲပေးမည့်သူများမှ တိုက်ရိုက် မဲပေးရမည်။ အမျိုးသားလွတ်တော် (မြန်မာနိုင်ငံ၏ အထက်လွတ်တော်ရုံး) အတွက် ရာထူး ၁ နေရာ ၊ ပြည်သူ့လွတ်တော်တွင် ရာထူး ၄ နေရာ  (အောက်လွတ်တော်) နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွတ်တော်များအတွက် ရာထူး ၈ နေရာ ပါဝင်ပါသည်။ 

၂၀၁၈ အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ နေရာများ

လွတ်တော် ပြည်နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ်များ ဆန္ဒမဲပေးမည့်သူများ ခန့်မှန်းအရေအတွက်
အမျိုးသား ကချင်ပြည်နယ် မြစ်ကြီးနား ၁၈၈၉၅၇
ပြည်သူ့ ချင်းပြည်နယ် ကန်ပက်လက် ၁၁၅၈၁
  ရှမ်းပြည်နယ် လဲခါး ၃၅၅၀၀
  မန္တလေးတိုင်းဒေသကြီး မြင်းခြံ ၂၁၂၇၆၄
  ရန်ကုန်တိုင်းဒေသကြီး တာမွေ ၉၂၈၂၆
ပြည်နယ်နှင့် တိုင်းဒေသကြီး ချင်းပြည်နယ် မတူပီ ၁ ၁၄၈၀၂
  မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း ၁ ၇၉၉၇၀
  စစ်ကိုင်းတိုင်းဒေသကြီး တမူး ၂ ၃၁၀၅၂
  ပဲခူးတိုင်းဒေသကြီး အုတ်တွင်း ၁ ၁၈၅၁၈
  ရခိုင်ပြည်နယ် ရသေ့တောင် ၂ ၃၁၁၀၁
  မကွေးတိုင်းဒေသကြီး မင်းဘူး ၂ ၆၇၄၆၃
  ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း ၂ ၁၅၅၂
*ပြည်နယ်နှင့် တိုင်းဒေသကြီး
တိုင်းရင်းသား ရေးရာဝန်ကြီး
မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး တဝိုက် (၂၈ မြို့နယ်) ၃၇၀၈၇

 

*ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုစီ၌ လူနည်းစု လူဦးရေသည် စုစုပေါင်း လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်းထက်လျော့နည်းပါက ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွတ်တော်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးရာထူးတစ်နေရာအတွက် ကိုယ်စားပြုသည်။ ယခင်နှစ် မန္တလေးတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကွယ်လွန်သွားခြင်းနောက်ပိုင်းတွင် သူ၏ လစ်လပ်ရာထူးအတွက် ဖြည့်ဆည်းရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ ထိုတိုင်းရင်းသားရေးရာဝန်ကြီးရာထူးအတွက် ဆန္ဒမဲပေးရန် မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်းတွင် နေထိုင်လျှက်ရှိသော ရှမ်းလူမျိုးများကသာ ဆန္ဒမဲပေးရန် မှတ်ပုံတင်နိုင်သောအရည်အချင်းပြည့်မီသူများဖြစ်သည်။

မည်သူများသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် အရည်အချင်းပြည့်မီကြသနည်း?

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများတွင် ပြဌါန်းထားသောအချက်များနှင့်အညီ ဆန္ဒမဲပေးရန် အရည်အချင်းပြည့်မီသော သူ သို့မဟုတ် သူမသည် - 

  • နိုင်ငံသားမှတ်ပုံတင် အပြည့်အဝကိုင်ဆောင်ထားသူ၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် မွေးရာပါ နိုင်ငံသားဖြစ်သူ 
  • ရွေးကောက်ပွဲနေ့တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူ နှင့်
  • သူ သို့မဟုတ် သူမ၏ မဲဆန္ဒနယ်တွင် မဲစာရင်းတွင် ပါဝင်သူ

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာများဖြစ်သည့် မဲဆန္ဒနယ် ၁၂ နေရာအတွင်း တစ်နေရာတွင် နေထိုင်သူအဖြစ် စာရင်းသွင်းခံစားထားရသူတစ်ဦးဖြစ်ရမည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် မည်သူတို့သည် အရည်အချင်း မပြည့်မီသူများ ဖြစ်ကြသနည်း?

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေတွင် ဖော်ပြပါရှိသော အောက်ပါ ပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးရန် အရည်အချင်းမပြည့်မီသူများဖြစ်သည် -

  • သာသနာ့ ဝန်ထမ်းများ
  • ထောင်ဒဏ်ကျခံနေရသူများ 
  • စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဌါန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ
  • လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ
  • ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူများ သို့မဟုတ်
  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသူဟု ယူဆရသူများ

မသန်စွမ်းသူများသည် သူတို့၏ ဆန္ဒမဲများကို မည်ကဲ့သို့ မဲထည့်နိုင်မည်နည်း?

မသန်စွမ်းသူမဲဆန္ဒပေးမည့်သူများသည် သူတို့နှစ်သက်၍ ရွေးချယ်ထားသော ပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် မဲရုံသို့ ဆန္ဒမဲသွားပေးနိုင်သည်။ မဲပေးပြခန်းနှင့် မဲပုံးများအား လွယ်ကူလက်လှမ်းမီစွာ မဲထည့်နိုင်သော ပေအမြင့်တွင် ထားရှိပေးရမည်။ ဆန္ဒမဲပေးမည့်သူများအနေဖြင့် မည်သို့မဲထည့်ရမည်နည်းဆိုတာကို စာဖတ်ရန်မလိုအပ်ဘဲ သိစေသော နည်းလမ်းများဖြစ်သည့် ဓါတ်ပုံများအပါအဝင် သင်္ကေတများပြပြီး ချိတ်ဆွဲထားရမည်။ ထပ်မံပြီး အမြင်အာရုံ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကြားအာရုံနှင့် ဉာဏ်ရည်မသန်စွမ်းသူ မဲဆန္ဒရှင်များအား ကူညီပေးခြင်းနှင့် မဲရုံလုပ်ဆောင်ချက်များတွင် အားလုံးအကျုံးဝင်သော အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ တိုးတက်စေရန် မဲရုံလမ်းညွန်ချက်တွင် ထည့်သွင်း လမ်းညွန်ထားရမည်ဖြစ်သည်။

လိုက်နာရန် စည်းကမ်းချက်များ -

ရဲဌါန
နိုင်ငံရေးပါတီများ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများ (မဲရုံများနှင့် အားလုံး)
သတင်းဌါန

Friday March 29, 2019
Thursday March 14, 2019
Thursday March 14, 2019