ရွေးကောက်ပွဲသံသရာစက်ဝန်းဆိုသည်မှာ အဘယ်နည်း ?

ရွေးကောက်ပွဲသံသရာစက်ဝန်းဆိုသည်မှာ အဘယ်နည်း ?

ပုံမှန်ရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင် နှစ်စဉ် ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ သို့သော်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရက်တစ်ခုအနေဖြင့် သေချာသတ်မှတ်မထားပါ။ ဒါဟာ စဉ်ဆက်မပြတ် ဗဟိုပြုတဲ့ လုပ်ငန်းစဉ် စက်ဝန်းတစ်ခုဖြစ်သည်။ နွေရာသီပြီးနောက် မိုရာသီရောက်ရှိသလိုဘဲ ရွေးကောက်ပွဲအချိန်ကာလတစ်ခုစီသည် ရပ်တန့်ခြင်းမရှိဘဲ နောက်တစ်ခုသို့ ရွေ့လျားရောက်ရှိနေမှာဖြစ်သည်။ သို့သော်လည်း ရွေးကောက်ပွဲ သံသရာ စက်ဝန်းကာလသည် ရာသီဥတုကဲ့သို့မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ထပ်ကျနေနိုင်သည်။ 

ရွေးကောက်ပွဲသံသရာစက်ဝန်းတွင် ကာလ သုံးခုရှိသည် -

ရွေးကောက်ပွဲအကြိုကာလ

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအကြိုကာလသည်  ရွေးကောက်ပွဲအထိ ခန့်မှန်း သုံးနှစ်ဖြစ်နိုင်သည်။

ရွေးကောက်ပွဲနှောင်းပိုင်း ကာလသုံးသပ်ချက်များ ပြုလုပ်ပြီးစီးချိန် နောက်ပိုင်းတွင် ပြန်လည်ဖွဲ့စည်းချိန်နှင့် ပြင်ဆင်ချိန်များသည် ရွေးကောက်ပွဲအကြို ကာလဖြစ်သည်။ ဤအချိန်တွင် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ခြင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖွဲ့စည်းပုံများကို ကိုယ်တိုင်ပြန်လည်ဖွဲ့စည်း ခြင်းနှင့် လူနည်းစုများနှင့် အမျိုးသမီးများပိုမို အကျုံးဝင်ပါဝင်လာရန်အတွက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်းများ ပါဝင်သည်။ 

ကော်မရှင်သည် နောက်လာမည့်ရွေးကောက်ပွဲအတွက် အသုံးစရိတ်တွက်ချက်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးကြိုတင်ပြင်ဆင်ခြင်းများ စတင်လုပ်ဆောင်သည်။ ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာရုံးဝန်ထမ်းများကို သင်တန်းပေးရန်၊ အများပြည်သူများသို့ ရောက်ရှိအောင်ဆောင်ရွက်ခြင်း၊ နိုင်ငံသားအသိပညာပေးခြင်းများ၊ ဆန္ဒမဲပေးသူများအား မှန်ကန်သော ဆန္ဒမဲတစ်ခုပေးရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို နားလည် သဘောပေါက်အောင် ပြုလုပ်ဆောင်ရွက်ခြင်းများလည်း ရှိပါသည်။

ရွေးကောက်ပွဲအကြိုကာလ၏အဆုံးဆီသို့ ဦးတည်ကာ နိုင်ငံရေးပါတီများနှင့် ဆန္ဒမဲရှင်များမှ မှတ်ပုံတင်နိုင်သည်။ ဆန္ဒမဲပေးမည့်သူများမှ ၎င်းတို့၏ အသေးစိတ်အချက်များကို  စာရင်းသွင်းထားခြင်းများ တိကျသေချာစေရန်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ဆန်းစစ်ရမည်။ ဤအချိန်တွင် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ကိုယ်တိုင် အမည်စာရင်းတင်သွင်းခြင်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ မှလည်း အသိအမှတ်ပြုလာနိုင်သည်။

နောက်ဆုံးတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများကို ရွေးကောက်ပွဲအကြိုကာလ၏ နောက်ဆုံးပတ်ကြာ ကာလအတောအတွင်း ကျင်းပသည်။ ကော်မရှင်က ပါတီများမှ ဥပဒေလိုက်နာခြင်း၊ ပြသာနာများကို ဖြေရှင်းခြင်းနှင့် ပိတ်ဆို့ အရေးယူမှုများ၊ ပါတီများအား စောင့်ကြပ်ကြည့်ရှုခြင်း နှင့် မဲဆွယ်စည်းရုံးရေး ငွေကြေးသုံးစွဲခြင်းများ၊ အငြင်းပွားမှုများကို ဖြေရှင်းခြင်းများကို လုပ်ဆောင်သည်။ ထို့နည်းတူစွာပင် ပါဝင်ပတ်သက်မှုရှိသူအားလုံးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိမရှိကိုလည်း ကြီးကြပ် ဆောင်ရွက်သည်။

ရွေးကောက်ပွဲကာလ

ရက်သတ္တပတ်များဆီမှ ရွေးကောက်ပွဲတစ်ခုဆီသို မြန်မာနိုင်ငံတွင် ဦးတည်ရောက်ရှိလာပြီဖြစ်သည်။

မဲပေးရမည့်နေ့ကို ဦးတည်ကာ လုပ်ငန်းများ လည်ပတ် ဆောင်ရွက်ခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ထည့်သွင်းစဉ်းစားစရာ များစွာရှိသည်။ ဤသည်မှာ မဲရုံဝန်ထမ်းများအား သင်တန်းများပေးခြင်း၊ ရွေးကောက်ပွဲ အထောက်အကူပြုပစ္စည်းများပို့ပေးခြင်း၊ မသန်စွမ်းသူများ လက်လှမ်းမီ လွယ်ကူစေရန် ဆောင်ရွက်ခြင်း ၊ ကြိုတင်ဆန္ဒမဲပေးခြင်းများပြုလုပ်ခြင်း၊ စောင့်ကြည့်လေ့လာသူများနှင့် ပါတီအေးဂျင့်များမှ စောင့်ကြည့်လေ့လာခြင်း နှင့် လုံခြုံရေး အစီအမံများဆောင်ရွက်ခြင်း တို့ပါဝင်သည်။

ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးခြင်းနှင့် ရေတွက်ခြင်းလုပ်ငန်းစဉ်များ အတွက်လည်း ကော်မရှင်တွင် တာဝန်ရှိသည်။ အချက်အလက်များ ထိန်းသိမ်းထားခြင်းသည် လုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ရေတွက်ခြင်း နောက်ပိုင်းတွင် ပဏာမနှင့် နောက်ဆုံးရလဒ်များ ကြေညာပေးပါသည်။ ကော်မရှင်မှ ပြည်သူများ လက်လှမ်းမီရရှိရန်အတွက် ရလဒ်စာရင်းများ ချပြခြင်း နှင့် နေရာ ခွဲဝေ သတ်မှတ်ခြင်းများ လုပ်ဆောင်သည်။ ဒါ့အပြင် တိုင်ကြားခြင်းနှင့် အယူခံဝင်ခြင်း လုပ်ငန်းစဉ်များလည်း ရှိနိုင်သည်။

ရွေးကောက်ပွဲနှောင်းပိုင်းကာလ

ရွေးကောက်ပွဲတစ်ကြိမ်ပြီးဆုံးသည့် နောက်ပိုင်း ၁ နှစ်မှ ၂ နှစ် ခန့်မှန်းကာလဖြစ်သည်။

ရွေးကောက်ပွဲတစ်ခုနောက်တွင် ကော်မရှင်မှ မဟာဗျူဟာမြောက်အစီအစဉ်များရေးဆွဲခြင်း ၊ ကုန်ကျစရိတ်များကို စာရင်းစစ်ဝင်ခြင်း၊ အကဲဖြတ်ဆန်းစစ်ခြင်း နှင့် ဥပဒေရေးရာ ပြန်လည်ဆန်းစစ်ခြင်းများကို ပြုလုပ်သည်။ ဤအချိန်တွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ များမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းတို့၏ ပြန်လည်သုံးသပ်ချက်များကို ထုတ်ပြန်ကြသည့် ကာလလည်းဖြစ်သည်။ နောက်ဆုံးအကဲဖြတ်ဆန်းစစ်ချက်များနှင့် ပြန်လည်သုံးသပ်ချက်များသည် နောက်လာမည့် ရွေးကောက်ပွဲကာလများအတွက် ပြုပြင်ပြောင်းလဲရေး အခြေခံအချက်များဖြစ်သည်။