ရွေးကောက်ပွဲ အရင်းအမြစ်များ

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် အကြောင်းအရာများကို ဖော်ပြကြသည့် စာအုပ်စာတမ်းများမှာ တစ်နေ့တခြား တိုးပွားလျက်ရှိပါသည်။ အကြောင်းအရာအလိုက် သိရှိနားလည်ရန်အတွက်ဖြစ်စေ၊ ကိုးကားရန်ဖြစ်စေ၊ အချက်အလက်များ ရယူနိုင်ဖြစ်စေ ပြုစုထားရှိသော စာအုပ်စာတမ်းများကို သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးမှ ပါ၀င်ဆောင်ရွက်နေကြသူများ အလွယ်တကူ ရရှိနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ကွန်ရက်(MERIN)က စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။ စာအုပ်စာတမ်းများအား -

အကြောင်းအရာအားဖြင့်။ ။ ရွေးကောက်ပွဲ သမာသမတ်ကျမှု၊ ပူးပေါင်းမှုနှင့် ပါ၀င်ဆောင်ရွက်မှု၊ တာ၀န်ခံမှု၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ခြင်း၊ သုတေသနနှင့် စစ်တမ်းများနှင့် အထွေထွေဟူ၍ ကဏ္ဍများနှင့် ကဏ္ဍခွဲများ သတ်မှတ်ခြင်းဖြင့်လည်းကောင်း၊ 

သက်ဆိုင်ရာကဏ္ဍများအားဖြင့် ။ ။ ရွေးကောက်ပွဲ တာ၀န်ရှိအဖွဲ့အစည်း၊ အစိုးရ၊ မီဒီယာ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်များ၊ လွှတ်တော်နှင့် အခြား ဟုသတ်မှတ်ခြင်းဖြင့်လည်းကောင်း၊

အမျိုးအစားအားဖြင့်။ ။ စာအုပ်၊ လက်ကမ်းနှင့် လိုတိုရှင်း၊ စစ်တမ်းကောက်ယူမှု၊ အစီရင်ခံစာ/ စာတမ်း၊ စာရွက်စာတမ်း ဟု သတ်မှတ်ခြင်းဖြင့်လည်းကောင်း ခွဲခြားထားပြီး လွယ်ကူစွာ ရှာဖွေနိုင်ကြမည် ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ်

Search by Topics