ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်Union Election Commission (UEC) သည် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲများကို စီမံခန့်ခွဲရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါအရ ခွင့်ပြုထားသော တာဝန်ရှိပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဦးလှသိန်းမှ ဥက္ကဌအဖြစ်ဦးဆောင်ပြီး လက်ရှိတွင် ကော်မရှင်အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ကော်မရှင်နှင့် အတွင်းရေးမှူးတို့ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖြစ် နေပြည်တော်တွင်အခြေစိုက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနနှင့် ပြည်သူ့အင်အားလူဝင်မှုကြီးကြပ်ရေးဦးစီးဌါနတို့၏ ထောက်ပံ့မှုဖြင့် တစ်ပြည်နယ်လုံးတွင် ကော်မရှင်အဖွဲ့ခွဲအဖြစ် ပိုင်းခြားဖွဲ့စည်းထားပါသည်။ 

ကော်မရှင်သည် ရွေးကောက်ပွဲများကျင်းပခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ သတင်းဌါနများကိုအသုံးပြုပြီး ပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို စစ်ဆေးခြင်း၊ လုပ်ငန်းစဉ်များနှင့် လည်ပတ်ဆောင်ရွက်ရေးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံးကို သင်တန်းပို့ချခြင်း၊ မဲရုံများဖွင့်ထားခြင်းနှင့် မဲစာရင်းရေတွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွါးမှုများကို ဖြေရှင်းခြင်း၊ မဲစာရင်းရလဒ်များကို အတည်ပြုခြင်းနှင့် ကြေညာခြင်းများလုပ်ဆောင်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာများသည် - 

  • မဲဆန္ဒနယ်များသတ်မှတ်ခြင်း
  • မဲစာရင်းများပြုစုခြင်း၊ ပြုစုစေခြင်းနှင့်  ပြင်ဆင်စေခြင်း ၊ ပြင်ဆင်ခြင်း
  • ရွေးကောက်ပွဲများကို ရွေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း
  • လွတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း၊ အသိအမှတ်ပြုစာထုတ်ပေးခြင်း
  • ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများကို သုံးသပ်နိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း
  • နိုင်ငံရေးပါတီများ ဥပဒေကိုလိုက်နာဆောင်ရွက်မှု ရှိမရှိကို ကြီးကြပ်ခြင်း

ပြည်ထောင်စုကော်မရှင်အပါအဝင် ကော်မရှင်အဖွဲ့ခွဲရုံးအများအပြားဖွင့်လှစ်ထားပါသည် - 

  • နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ၁၅ ရုံး
  • ခရိုင်ကော်မရှင်အဖွဲ့ခွဲ ၇၉ ခုနှင့် ( အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ ၆ ခုအပါအဝင်)
  • မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ၃၃၀ နှင့်
  • ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ၁၅၈၇၀

ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင် တစ်ဦးချင်းစီအား  အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနမှ ခန့်အပ်ထားသော ဝန်ထမ်းများဖြစ်သည်။