ရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင် မည်ကဲ့သို့ ပြုလုပ်သနည်း ?

လွတ်တော်အား မည်သို့ ဖွဲ့စည်းထားသနည်း?

မြန်မာနိုင်ငံ၏ ပါလီမန်အား လွှတ်တော် နှစ်ရပ်ဖြင့် ပိုင်းခြားဖွဲ့စည်းထားသည်- အမျိုးသားလွှတ်တော် (ပြည်သူ့လွှတ်တော်) သို့မဟုတ် မြန်မာ့အထက်လွှတ်တော် နှင့် ပြည်သူ့လွှတ်တော် (ရွေးကောက်ခံကိုယ်စားလှယ်များ) သို့မဟုတ် အောက်လွတ်တော် တို့ဖြစ်သည်။ ထို့အတူဘဲ ပြည်ထောင်စုပါလီမန်အား ပြည်ထောင်စုလွတ်တော်ဟု သိရှိကြသည်။ ကိုယ်စားလှယ်များသည် ငါးနှစ်တွင် တစ်ကြိမ် ရွေးကောက်တင်မြောက်ခြင်းခံရသည်။

လွတ်တော်၏ အဓိက တာဝန်များမှာ ဥပဒေများအား ရေးဆွဲရန်၊ ဆွေးနွေး အတည်ပြုရန်နှင့် ပြည်ထောင်စုဘဏ္ဍာ (ဘတ်ဂျက်) အားဆွေးနွေးအတည်ပြုရန်ဖြစ်သည်။

ပြည်ထောင်စုအဆင့်အောက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီ၏ ကိုယ်ပိုင်လွတ်တော်များရှိပါသည်။ ပြည်ထောင်စုအဆင့် ပါလီမန်ကဲ့သို့ တိုင်းဒေသကြီးအစိုရများကို ရွေးချယ်ခံထားရသော ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များဖြင့် ငါးနှစ်တစ်ကြိမ် ဖွ့ဲစည်းထားပါသည်။

၂၀၂၀ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများသည် လွတ်တော်သုံးရပ်အတွက် (အမျိုးသား၊ ပြည်သူ နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးလွတ်တော်) မဲရုံများတွင် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအား ရွေးချယ်သွားပါမည်။ 

အမျိုးသားလွတ်တော်

အမျိုးသားလွတ်တော်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုမှ ရွေးကောက်ခံကိုယ်စားလှယ် (စုစုပေါင်း ၁၆၈ ဦး နှင့် တပ်မတော်မှ ခန့်အပ်ထားသော ၅၆ ဦး) တို့ဖြင့် ဖွဲ့စည်းထားသည်။ အမျိုးသားလွတ်တော် ကိုယ်စားလှယ်များအား မဲဆန္ဒရှင်ပြည်သူများက ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလုံးမှ ရွေးချယ်ပေးကြမည်။ ကွဲပြားခြားနားသော နိုင်ငံရေးပါတီဝင်များမှ ကိုယ်စားလှယ်လောင်းများကဲ့သို့ လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်း ၁၂ ဦးကို ဆုံးဖြတ်ရွေးချယ်ကြရမည်။

ပြည်သူ့လွတ်တော်

မြန်မာနိုင်ငံတွင် မြို့နယ်ခွဲနှင့် လူဦးရေအပေါ် အခြေခံကာ မဲဆန္ဒနယ်တစ်ခုစီမှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် မဲဆန္ဒနယ် ၃၃၀ ထိ ခွဲခြားသတ်မှတ်ထားသည်။ပြည်ထောင်စုလွတ်တော်တွင် မြိုနယ် ၃၃၀ မှ ရွေးကောက်တင်မြောက်ထားသော ကိုယ်စားလှယ်များ ၃၃၀ ဦး နှင့် တပ်မတော်မှ ခန့်အပ်ထားသူ ကိုယ်စားလှယ် ၁၁၀ ဦးဖြင့် စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၄၄၀ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။

မြန်မာနိုင်ငံတွင်  မည်သည့် ရွေးကောက်ပွဲစနစ်အမျိုးအစား ကို အသုံးပြုသနည်း?

မြန်မာနိုင်ငံတွင် မဲများသူနိုင် ရွေးကောက်ပွဲစနစ် (FPTP) ကိုအသုံးပြုသည်။ ဤစနစ်အောက်တွင် ပေးထားသော မဲဆန္ဒနယ်တွင် မဲအများဆုံးရရှိသည့် ရွေးကောက်ခံကိုယ်စားလှယ်မှ အနိုင်ရရှိပါသည်။ များသူနိုင်စနစ်အား မဲအများဆုံးရရှိသူနိုင်သည့်စနစ်အဖြစ် လူသိများကြပြီး ၎င်းစနစ်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွတ်တော်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးလွတ်တော်တို့နှင့်လည်း အကျုံးဝင်သက်ဆိုင်ပါသည်။

မြန်မာနိုင်ငံ၏ လွတ်တော်နှစ်ရပ်လုံးတွင် ဥပဒေပြုရေးသည် လွတ်တော်နှစ်ရပ်လုံးတွင်ပါဝင်ရာ မဲများသူနိုင်စနစ်မှ အချိုးကျ ကိုယ်စားပြုသည့်စနစ်ကို ပြောင်းလဲရန် ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးငြင်းခုန်ခြင်းများ ရှိခဲ့သော်လည်း  ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် ပြောင်းလဲမှုမရှိခဲ့ပေ။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲစနစ်ပြောင်းလဲမှု ရှိလာမည်နည်းဟု မျှော်လင့်နေကြသည်။

နိုင်ငံရေးပါတီများ မည်သို့ လုပ်ဆောင်ကြသနည်း?

ကိစ္စရပ်တစ်ခုအား အတူတကွအုပ်စုဖွဲ့ဖြေရှင်းခြင်း၊ တူညီသောတန်ဖိုးများအား လိုက်နာခြင်း၊ တူညီသောနည်းလမ်းဖြင့် သူတို့၏ မဲများထည့်ခြင်းများဖြင့် လွတ်တော်တွင် ပူးပေါင်းဆောင်ရွက်ရန် အုပ်စုတစ်ခု၏ ကိုယ်စားလှယ်များမှ သဘောတူသောအချိန်တွင်  နိုင်ငံရေးပါတီတစ်ခုကို ဖွဲ့စည်းကြသည်။ 

ဥပဒေကြမ်းများအား ဥပဒေအဖြစ်သို့ ပြောင်းလဲရန် လွတ်တော်တွင် မဲအများဆုံးရရှိရမည်။ ၎င်းကိစ္စရပ်များအား ရှေ့သို့ရောက်ရှိရန်နှင့် ပြောင်းလဲခြင်းများလုပ်ရာတွင် အင်အားအကြီးဆုံးပါတီသည် အာဏာအရှိဆုံးဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။ သို့သော်လည်း ကိုယ်စားလှယ်များသည် သူတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန် လွတ်လပ်မှုနည်းပါးပြီး ပါတီ၏ သဘောဆန္ဒကိုသာ ရှေ့ရှုရမည်ဟုလည်း အဓိပ္ပါယ်သက်ရောက်သည်။ ကွဲပြားခြားနားသောပါတီများမှာလည်း အချို့သော ရည်ရွယ်ချက်များအောင်မြင်မှုရရှိရန်နှင့် သူတို့၏ အခွင့်အလမ်းများ တိုးမြှင့်ရန်အလို့ငှာ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူနိုင်သည်။ 

ဤသည်မှာ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်ချိတ်ဆက်မှုလုပ်ခြင်းသည် ကိုယ်စားများအတွက် လိုအပ်ချက်တစ်ခုမဟုတ်ပါ။ တစ်သီးပုဂ္ဂလအနေဖြင့် လှုပ်ရှားသူ ကိုယ်စားလှယ်အများအပြားရှိသည်။ လွတ်တော်တွင် တစ်သီးပုဂ္ဂလပါတီကိုယ်စားလှယ်များအနေဖြင့် မဲစုဆောင်းရန်အခက်အခဲဖြစ်နေစဉ်တွင် သူတို့၏ မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်သည့် တိကျသောကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အခြားနိုင်ငံရေးသမားများနှင့် စိန်ခေါ်ရန် ပိုမို လွတ်လပ်သူများဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွတ်တော်၏ ၂၅ ရာခိုင်နှုန်းသည် တပ်မတော်မှ ခန့်အပ်ခြင်းခံထားရသူများဖြစ်သည်။ 

ခေါင်းဆောင်တစ်ဦးအပေါ် မည်သည့်အချက်တို့ကို ကျွနု်ပ်အနေဖြင့် ကြည့်ရှုသင့်သနည်း ?

ရွေးကောက်ပွဲမတိုင်မီတွင် ကိုယ်စားလှယ်လောင်းများသည် အကယ်၍ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မည်ကဲ့သို့သော ဆောင်ရွက်မှုများ ပြုလုပ်ပေးမည်ဟု သူတို့၏ မဲဆန္ဒနယ်များတွင် ကတိတွေ ပေးကြသည်။  ကိုယ်စားလှယ်လောင်းများ၏  ခေါင်းဆောင်မှုစွမ်းရည်၊ သူတို့ပါတီ၏ တန်ဖိုးနှင့် လုပ်ဆောင်မှုများအား ထည့်တွက်ရန် အရေးကြီးကြောင်း မဲမပေးမီအချိန်တွင် ပြောကြသည်။ ခေါင်းဆောင်ကောင်းတစ်ဦးသည် သူတို့၏ မဲဆန္ဒရှင်များနှင့် ထိရောက်စွာ ဆက်ဆံနိုင်ပြီး လူထုများနှင့် မည်သို့ ညှိနှိုင်းဆွေးနွေးရမည်နည်း ဆိုတာများကို သိရှိသင့်ပါသည်။ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လွတ်တော်တွင် သင်၏ တန်ဖိုးထားမှုများနှင့် သင့်အား အကောင်းဆုံးကိုယ်စားပြုပေးနိုင်လိမ့်မည်ဟု ထင်မြင်မိသော ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ရန် အရေးကြီးပါသည်။