ကျွန်ုပ်တို့အကြောင်း

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ကွန်ယက် 
MERIN – Myanmar Electoral Resource and Information Network

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် အရင်းအမြစ်များအား တစ်နေရာတည်းတွင် ရရှိစေဖို့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (Myanmar Electoral Resource & Information Network) MERIN ဝက်ဆိုက်ဒ်မှာ ဝင်ရောက်လေ့လာကြည့်ရှုရန်အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။

ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် ပါဝင်သူများ၊ နိုင်ငံ့ရေးရာကိစ္စရပ်များကို စိတ်ပါဝင်စားသော ဒေသခံပြည်သူများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သူများ၊ ပညာရှင်များ၊ သတင်းသမားများ အနေနှင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီးသော ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များနှင့် နောင်လာမည့် ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များအပြင် ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ လက်စွဲစာအုပ်များ၊ ရွေးကောက်ပွဲ ဥပဒေများ နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ အစီအရင်ခံစာများ စသည်တို့ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (Myanmar Electoral Resource & Information Network) MERIN ဝက်ဆိုက်ဒ်တွင် လွယ်လင့်တစ်ကူ ရယူနိုင်ရန်အတွက် စီစဉ်ထားရှိပါသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (Myanmar Electoral Resource & Information Network) MERIN ဝက်ဆိုက်ဒ်တွင် ဖော်ပြပါသတင်းအချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အတူ International Foundation for Electoral Systems (IFES) တို့က ဦးစီးဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ်အကြောင်းအရာများအားစုံစမ်းမေးမြန်းလို၍သော်လည်းကောင်း (သို့မဟုတ်) အခြားသော မှတ်သားဖွယ် သတင်းအချက်အလက် အကြောင်းအရာများကို ကျွနု်ပ်တို့၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ဌာန စာကြည့်တိုက်တွင် ထားရှိလိုပါက လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။