"ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ ဒီမိုကရေစီပြည့်၀သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် ဟု ရည်ရွယ်ချက်ပါရှိသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ မတ် ၈ တွင် စတင်ရေးဆွဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုဥပဒေကို ၄ နို၀င်ဘာ ၂၀၁၁ တွင်တစ်ကြိမ်၊ ၃၀ စက်တင်ဘာ ၂၀၁၄ တွင်တစ်ကြိမ် ပြင်ဆင်ခဲ့သည်။
အဆိုပါ ဥပဒေတွင် အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း၊ ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိမ်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အထွေထွေေ ဟူ၍ အခန်း ၅ ခန်း၊ အပိုဒ် ၂၇ ပိုဒ် ပါရှိသည်။
ဤမူတွင် ပထမအကြိမ် ပြင်ဆင်ချက်များနှင့် ဒုတိယအကြိမ် ပြင်ဆင်ချက်များကို အောက်ခြေမှတ်စုများဖြင့် ဖော်ပြထားသည်။
- Myanmar Language