၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ - သိထားသင့်သည့်အကြောင်းအရာများ

အထွေထွေရွေးကောက်ပွဲဆိုသည်မှာ အဘယ်နည်း။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုက ၎င်းတို့အား ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေး ချယ်သော ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။ မဲထည့်ခြင်းခြင့် မဲဆန္ဒရှင်များသည် ယင်းတို့၏ ရွေးချယ်မှုကို ပြုလုပ်သည့် နည်းလမ်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲများမှာ ၅နှစ်လျှင် တစ်ကြိမ်ကျင်းပသည်။ နိုင်ငံတော် တွင် ရွေးကောက်ပွဲများအား ငြိမ်းချမ်းနေသည့်အချိန်များတွင် ကျင်းပသည့် အကြီးဆုံးသော ဖြစ်ရပ်ဖြစ်သည်။

မည်သည့်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်နည်း။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် ၊ ၂၀၂၀ တနဂနွေနေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များမှ ဆန္ဒမဲပေးရမည့်သူများသည် မည်သူတို့ဖြစ်သနည်း။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေများကိုထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုကဲ့သို့‌ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများ စာရင်းကို ကြေငြာပြီးသည့်နောက်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် အောက်ဖော်ပြပါ မဲဆန္ဒနယ်စာ ရင်းအလိုက်ရွေးကောက်တင်မြှောက်မည်။

  • ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း (၃၃၀) နေရာမှ (၃၁၅) နေရာ
  • အမျိုးသားလွှတ်တော် စုစုပေါင်း (၁၆၈) နေရာမှ (၁၆၁) နေရာ
  • တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် စုစုပေါင်း (၆၆၀) နေရာမှ (၆၂၈) နေရာ
  • တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် (၂၉) နေရာ

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမဲဆန္ဒနယ်များ

                ချဲ့ကြည့်ရန်ပုံကိုနှိပ်ပါ။

 

 

*ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုစီ၌ လူနည်းစု လူဦးရေသည် စုစုပေါင်း လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်းနှင့်ညီမျှနေ လျှင် သို့မဟုတ် များနေလျှင် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ရာထူးတစ်နေရာအတွက်ကိုယ်စားပြုသည်။


မည်သူများသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် အရည်အချင်း ပြည့်မီကြသနည်း။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများတွင် ပြဌါန်းထားသောအချက်များနှင့်အညီဆန္ဒမဲပေးရန် အရည်အချင်းပြည့်မီသော သူ သို့မဟုတ် သူမသည် - 

  • နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် မွေးရာပါ နိုင်ငံသားဖြစ်သူ 
  • ရွေးကောက်ပွဲနေ့တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူ နှင့်
  • သူ သို့မဟုတ် သူမ၏ မဲဆန္ဒနယ်တွင် မဲစာရင်းတွင် ပါဝင်သူ

မည်သူတို့သည် အထွေထွေရွေးကောက်ပွဲတွင်မဲပေးရန် အရည်အချင်းမပြည့်မီသူများဖြစ်ကြသနည်း။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေတွင် ဖော်ပြပါရှိသော အောက်ပါ ပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးရန်
အရည်အချင်း မပြည့်မီသူများဖြစ်သည် -

  • သာသနာ့ ဝန်ထမ်းများ
  • ပြစ်ဒဏ်ကျခံနေရသူများ 
  • စိတ်ပေါ့ရှုးသွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဌါန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ
  • လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ
  • ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူများ သို့မဟုတ်
  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသူဟု ယူဆရသူများ

မသန်စွမ်းသူများသည် သူတို့၏ဆန္ဒမဲများကို မည်ကဲ့သို့မဲထည့်နိုင်မည်နည်း?

မသန်စွမ်းသူမဲဆန္ဒပေးမည့်သူများသည် သူတို့နှစ်သက်၍ ရွေးချယ်ထားသော ပုဂ္ဂိုလ်တစ်ဦး၏အကူအညီဖြင့် မဲရုံသို့ဆန္ဒမဲသွားပေးနိုင်သည်။ မဲပေးပြခန်းနှင့် မဲပုံးများအား လွယ်ကူလက်လှမ်းမီစွာမဲထည့်နိုင်သော ပေအမြင့်တွင် ထားရှိပေးရမည်။ ဆန္ဒမဲပေးမည့်သူများအနေဖြင့် မည်သို့မဲထည့်ရမည်နည်းဆိုတာကို စာဖတ်ရန်မလိုအပ်ဘဲ သိစေသော နည်းလမ်းများဖြစ်သည့် ဓါတ်ပုံများအပါအဝင် သင်္ကေတများပြပြီး ချိတ်ဆွဲထားရမည်။ ထပ်မံပြီး အမြင်အာရုံ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကြားအာရုံနှင့်ဉာဏ်ရည်မသန်စွမ်းသူ မဲဆန္ဒရှင်များအား ကူညီပေးခြင်းနှင့် မဲရုံလုပ်ဆောင်ချက်များတွင် အားလုံးအကျုံးဝင်သော အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ တိုးတက်စေရန် မဲရုံလမ်းညွန်ချက်တွင် ထည့်သွင်းလမ်းညွန်ထားရမည်ဖြစ်သည်။