နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ

Thursday October 28, 2010

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ရန်အလို့ငှာ" ဟု နိဒါန်းပိုင်းတွင် ဖော်ပြပါရှိသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေတွင် အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ လစ်လပ်ရာထူးနေရာတွင် ရွေးချယ်တင်မြှောက်ခြင်းနှင့် အထွေထွေဟူ၍ အခန်း (၅) ခန်း၊ အပိုဒ် ၁၀ ပိုဒ် ပါဝင်သည်။