ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံတင်သွင်းမှုခြောက်မှုကို မူလဆုံးဖြတ်ချက်အတိုင်း စုံညီခုံရုံးက ထပ်မံအနိုင်ပေး

၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ကန့်ကွက်လွှာအမှုများ တွင် မူလခုံအဖွဲ့၏ ဆုံးဖြတ်ချက် အား မကျေနပ်၍ အယူခံတက် သည့် အမှုခြောက်မှုကို စုံညီခုံရုံးက မူလဆုံးဖြတ်ချက်အတိုင်းပင် အ နိုင်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

အယူခံအမှုခြောက်မှုတွင် ကန့်ကွက်လွှာလျှောက်ထားသူ အနိုင်ရသည့်အမှုမှာ တစ်ခုတည်းသာရှိပြီး ပြည်ခိုင်ဖြိုးကိုယ်စား လှယ်ကို ဒီချုပ်က အနိုင်ရခြင်းဖြစ်သည်။ ကျန်ငါးမှုမှာ ရွေးကောက်ပွဲအနိုင်ရသူများကပင် ကန့်ကွက်လွှာမှုများ၌လည်း ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်သည်။

အယူခံအမှုခြောက်မှုတွင် ဒီချုပ်ကတစ်မှု၊ ပြည်ခိုင်ဖြိုးက နှစ်မှုနှင့် ‘ဝ’ ဒီမိုကရက်တစ်ပါတီက သုံးမှုဖြင့် အသီးသီးအနိုင်ရခဲ့ကြ ခြင်းဖြစ်သည်။

အယူခံအမှု အမှတ် (၁)အ ဖြစ် ရှမ်းပြည်နယ်၊ ရပ်စောက်မဲ ဆန္ဒနယ် အမှတ် (၁)မှ ရွေး ကောက်ပွဲအနိုင်ရသူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးအောင်ကျော် ညွန့်ကို ဒီချုပ်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ကန့်ကွက် လွှာတင်သွင်းခဲ့သည်။ ယင်းအမှု ကို ရွေးကောက်ပွဲခုံရုံး ကြားနာစစ် ဆေးပြီးနောက် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်၏ ရွေးကောက်တင် မြှောက်ခံရမှု ပျက်ပြယ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ခုံရုံးဆုံးဖြတ်ချက်ကို ပြည် ခိုင်ဖြိုးကိုယ်စားလှယ်က အယူခံ တက်ခဲ့ရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ရာ ခုံရုံး၏ မူလဆုံးဖြတ်ချက်အတိုင်း ပင် ဒီချုပ်ကိုယ်စားလှယ်အား အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

အယူခံအမှု အမှတ် (၂)နှင့် (၃)အဖြစ် ကချင်ပြည်နယ် မချမ်း ဘောနှင့် ဆော့လော်မဲဆန္ဒနယ်တို့ မှ အနိုင်ရပြည်ခိုင်ဖြိုးကိုယ်စား လှယ်နှစ်ဦးကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် နှစ်ဦး၏ ကန့်ကွက်လွှာတင်သွင်းမှု တွင် ရွေးကောက်ပွဲခုံအဖွဲ့က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးအား အနိုင်ပေးခဲ့မှုအပေါ် ဒီချုပ်ကိုယ် စားလှယ်နှစ်ဦးက အယူခံထပ်မံတက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ရာ ခုံရုံး၏ မူလ ဆုံးဖြတ်ချက်အတိုင်းပင် စုံညီခုံရုံး က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ် ဦးကို အနိုင်ပေးခဲ့သည်။

အယူခံမှု အမှတ် (၄) (၅)နှင့်(၆) အဖြစ် ရှမ်းပြည်နယ် ဟိုပန်မဲဆန္ဒနယ်မှ အနိုင်ရ ‘ဝ’ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ်သုံးဦးကို ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီကိုယ်စားလှယ် သုံးဦး၏ ကန့်ကွက်လွှာတင်သွင်းမှုတွင် ရွေးကောက်ပွဲခုံအဖွဲ့က ‘ဝ’ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်သုံးဦးအား အနိုင်ပေးခဲ့မှုအပေါ် တစ်ဖက်မှ ကိုယ်စားလှယ်နှစ်ဦးက အယူခံထပ်တက်ခဲ့သည်။

အဆိုပါအယူခံမှုကို ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင် စုံညီခုံရုံးက အပြီးသတ်ဆုံး ဖြတ်ချက်ချခဲ့ရာ ခုံရုံး၏ မူလဆုံး ဖြတ်ချက်အတိုင်းပင် စုံညီခုံရုံးက ‘ဝ’ဒီမိုကရက်တစ်ပါတီကိုယ်စား လှယ်များအား အနိုင်ပေးကြောင်း ဆုံးဖြတ်ခဲ့သည်။

အယူခံအမှု အမှတ် (၇)နှင့် (၈)ဖြစ်သော အနိုင်ရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား လှယ်နှစ်ဦးကို ပြည်ခိုင်ဖြိုးကိုယ် စားလှယ်နှစ်ဦး၏ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အယူခံအဆင့် အထိရောက်ပြီးမှ အစမှ ပြန်လည် စစ်ဆေးရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော စုံညီခုံရုံးက ဆုံး ဖြတ်ခဲ့သည်။

အဆိုပါ ကန့်ကွက်လွှာအမှု တွင် ကန့်ကွက်သူဘက်မှ ရုံးချိန်း လာရန် ပျက်ကွက်သဖြင့် ခုံအဖွဲ့ က ပလပ်လိုက်သောအမှုကို စုံညီ ခုံရုံးက အစမှပြန်လည်စစ်ဆေး ရန် အမိန့်ချမှတ်ခဲ့သည်။

Source: 

7 Day Daily