အစိုးရအဖွဲ့တွင် ပါတီဝင်မဟုတ်သည့် တိုင်းရင်းသား များနှင့် နိုင်ငံအကျိုးပြုနိုင်သူများ ပါဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD)ကဖွဲ့စည်းမည့် အ စိုးရအဖွဲ့တွင် ပါတီဝင်မဟုတ် သော တိုင်းရင်းသားများအပြင် နိုင်ငံကို အကျိုးပြုနိုင်သူများပါဝင် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သော မြန်မာ့ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ် အောင်ဆန်းစုကြည် တွေ့ဆုံမေး မြန်းခန်း အစီအစဉ်၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဖွဲ့မယ့်အစိုးရအဖွဲ့ထဲမှာ NLD ပါတီဝင်မဟုတ်တဲ့ တိုင်း ရင်းသားတွေလည်းပါမယ်။ တ ခြား နိုင်ငံကို အကျိုးပြုနိုင်မယ့် သူ တွေလည်းပါမယ်လို့ မျှော်လင့်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

လက်ရှိ အခြေအနေအရ အစိုးရကို NLD ပါတီတစ်ပါတီ တည်းဖြင့်ဖွဲ့နိုင်သည့် အခြေအ နေရှိသော်လည်း အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကို အခြေခံ သောကြောင့် ရွေးကောက်ပွဲအနိုင် ရသည့်အတွက် နေရာအားလုံးယူ သွားမည်မဟုတ်ဘဲ NLD က ဦး ဆောင်ကာ အားလုံးနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ယင်းတွေ့ ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NLD အနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ပါတီဝင်မဟုတ် သည့် တိုင်းရင်းသားများအပြင် ပညာရှင်များပါ ထည့်သွင်းဖွဲ့စည်း မည်ဆိုပါက တိုင်းရင်းသားများနှင့် NLD ပါတီကြား စည်းလုံးမှု ပိုမိုရ ရှိလာနိုင်သည့်အပြင် နိုင်ငံအ တွက်လည်းအကျိုးရှိမည်ဖြစ် ကြောင်း ရခိုင်တိုင်းရင်းသားခေါင်း ဆောင် ဦးအေးသာအောင်က ပြောသည်။

‘‘အကုန်နိုင်လို့ တစ်ယောက် တည်း နေရာအားလုံးမယူဘဲအား လုံးနဲ့ လက်တွဲပူးပေါင်းဆောင် ရွက်မယ်ဆိုတာ တိုင်းပြည်အ တွက် အကျိုးရှိပါတယ်။ အမျိုး သားပြန်လည်ရင်ကြားစေ့နိုင်တဲ့ အစိုးရမျိုးပေါ်လာနိုင်မှာပါ’’ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲမတိုင်မီ ရက် ပိုင်းအလို ရန်ကုန်မြို့တွင်ပြုလုပ် ခဲ့သော NLD ၏ သတင်းစာရှင်း လင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် က ၎င်းအနေဖြင့် အစိုးရအဖွဲ့ကို အရေးကြီးသော ဆုံးဖြတ်ချက်များ ချပေးသည့်နေရာမှ ဦးဆောင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားခဲ့သည်။

နိုဝင်ဘာ ၈ ရက် ကျင်းပ သော ရွေးကောက်ပွဲရလဒ်များအ ရ ပြည်ထောင်စုလွှတ်တော်တွင် NLD က ၃၉၀ နေရာ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီ က ၂၂ နေရာ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ နေရာ အသီးသီးရရှိထားသည်။

ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုလွှတ်တော်တွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်များအားလုံး၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းရရှိထား၍ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခွင့်ရရှိ ထားသည်။

Source: 

7 Day Daily