ဒီချုပ်အစိုးရတွင် အမျိုးသမီးပြည်ထောင်စု၀န်ကြီး များ ပါ၀င်လာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့သစ် တွင် အမျိုးသမီးပြည်ထောင်စု၀န် ကြီးများ ပါ၀င်မည်ဖြစ်ကြောင်း ပါတီ၏ မူ၀ါဒရေးရာနှင့်အသွင် ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ် များပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြား သည်။
အစိုးရအဖွဲ့သစ်တွင် အမျိုး သမီးပြည်ထောင်စု၀န်ကြီးများ ပါ၀င်လာမည်ဖြစ်သော်လည်း ပါ ၀င်မည့်အရေအတွက်ကို ဒေါက် တာဇော်မြင့်မောင်က အတိအကျ ပြောကြားခဲ့ခြင်းမရှိပေ။

မတ်လ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် အစိုးရ အဖွဲ့သစ်၌ အမျိုးသမီးများပါ၀င်လာနိုင်မှု အခြေအနေကို သတင်း မီဒီယာများက မေးမြန်းရာ ဒေါက်​တာဇော်မြင့်မောင်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေီအဖွဲ့ ချုပ်၏ အစိုးရအဖွဲ့တွင်ပါ၀င်မည့် အမျိုးသမီးများသည် မည်သူဖြစ် သည်ကို ဒေါက်တာဇော်မြင့်မောင် က အတိအကျထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိသော်လည်း နိုင်ငံခြားရေး၀န်ကြီး (သို့မဟုတ်) သမ္မတရုံး ၀န်ကြီးနေရာကို ဒေါ်အောင်ဆန်းစုကြည်က တာ၀န်ယူမည်ဖြစ်ကြောင်း သတင်းမျာထွက်ပေါ်နေသည်။

အစိုးရအဖွဲ့သစ်တွင် ပါ၀င် မည့်၀န်ကြီးများ၏ အမည်စာရင်း ကို သိနိုင်ရန် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်အား မေးမြန်းခဲ့သော်လည်း ယနေ့ (မတ်လ ၂၂) ရက်၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတသစ်က ၀န်ကြီးများ ၏ အမည်စာရင်း တင်ပြမည်ဖြစ် ဖြင့် ဆန္ဒမစောကြရန်သာ ၎င်းက ပြောသည်။

ယနေ့ (မတ်လ ၂၂)ရက် တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၏ လျာထားချက်၌ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံထားရသူထံမှ အဆိုပြုထားသည့် ပြည်ထောင်စု၀န်ကြီးများအဖြစ် ခန့်အပ်တာ၀န်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း အစီအစဉ်ပါရှိသည်။

လာမည့်အစိုးရသစ်လက် ထက်တွင် ၀န်ကြီးဌာန ၂၁ ခုနှင့် ပြည်ထောင်စု၀န်ကြီး ၁၈ ဦးသာ ထားရှိမည်ဖြစ်ကြောင်း အစိုးရအ ဖွဲ့သစ်ခေါင်းဆောင် သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည်။

လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စု၀န်ကြီးဌာန ၃၆ ခုရှိပြီး အမျိုးသမီးပြည်ထောင်စု၀န်ကြီး နှစ်ဦးရှိသည်။

Source: 

7 Day Daily