သမ္မတသစ်ဦးထင်ကျော်ကို ကြိုဆိုကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ထုတ်ပြန်

သမ္မတသစ်ဖြစ်လာသည့် သမ္မတဦးထင်ကျော်ကို ထောက်ခံကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် သမ္မတသစ်နေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ရှေးရှု၍ ဖက်ဒရယ်ပြည်ထောင်စုမူကို အခြေခံသော ပြည်ထောင်စုငြိမ်းချမ်းရေးကို အထူးဦးစားပေးလုပ်ဆောင်ရန် လိုလားကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီက သဘောထားထုတ်ပြန်သည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားတစ်ဦးဖြစ်သည့် ဦးထင်ကျော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်လိုက်ခြင်းသည် သမိုင်းစာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်းဖြစ်၍ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

‘‘အဓိကက ပြည်တွင်းငြိမ်း ချမ်းရေး အရေးကြီးတယ်။ အား လုံးပါ၀င်တဲ့၊ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ပြီးတော့ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဖို့၊ လုပ်ဆောင်ဖို့လည်းလိုတယ်’’ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ဒေါက်တာတူးဂျာက ပြောသည်။

ဒေသခံပြည်သူများ အကျိုးကို ရှေးရှုသောအားဖြင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပါတီများနှင့် လက်တွဲဆောင်ရွက်သွား ရေးကို အထူးဦးစားပေးရန် လို လားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ တွင် ကချင်ပြည်နယ်လွတ်တော် ၌ သုံးနေရာ၊ ပြည်သူ့လွှတ်တော် ၌ တစ်နေရာ စုစုပေါင်း လေးနေ ရာ အနိုင်ရထားသည့် ပါတီဖြစ်သည်။

Source: 

7 Day Daily