မဲပေး မမှားကြရန် ဒီချုပ်အမတ်များကို ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတမဲပေးရွေးချယ်ရာ၌ မဲပေးမမှားကြစေရန် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် များအား ပြောကြားခဲ့သည်။

မတ်လ၁၄ရက်ညနေတွင် လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရာ နေပြည်တော်စည်ပင် ဧည့်ရိပ်သာသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်ကာ ဒီချုပ်ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ် သည်။

‘‘ဒီအတိုင်းပဲ မဲကို မှန်မှန်ကန် ကန်ရွေးဖို့၊ သမ္မတဦးထင်ကျော်ဆိုရင်လည်း ဦးထင်ကျော်ကို မမှား အောင်မဲထည့်ဖို့၊ နောက်ပယ်မဲ မဖြစ်အောင်လည်း ဂရုစိုက်ဖို့မှာ သွားတာပေါ့’’ ဟု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ပြောသည်။

‘‘နောက်ဆုံးကတော့ ပြည်သူတွေကို နှလုံးစိတ်၀မ်းအေးချမ်း စေလိုတာပါပဲ။ စိတ်ချမ်းသာစေချင်တာပါပဲ။ ဒီရိုးရှင်းတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်ကလေးကို အောင်မြင်ဖို့ ကျွန်မတို့တော်တော် ကြိုးစားကြရပါမယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဇော်အောင် က ၎၏ဖေ့စ်ဘွတ်ခ်တွင် ရေး သားထားသည်။

ကိုယ်စားလှယ်များ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်ရှိကြရန်၊ ယခုတစ်ပတ် ရုံးပိတ်ရက်တွင်အိမ်မပြန်ကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဒီချုပ်အမတ်များ၏ လစာကို ပြည်သူများအကျိုးအတွက် ဆောင်ရွက်ရန်ဖြတ်တောက်ခြင်းကို လက်ခံခဲ့သဖြင့် အခြား အဖွဲ့အစည်းများကပင် အံ့သြကြရ၍ ဒီချုပ်အမတ်များအတွက် ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စု လွှတ်တော်၌ သမ္မတကို ယနေ့ မဲပေးရွေးချယ်ရာတွင် ဒီချုပ်အမတ်များက ညီညီညွတ်ညွတ်ဖြင့် စည်းကမ်းရှိမှု၊ စည်းလုံးမှုကို ပြ သရန် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘ပြည်သူတွေက ဒီလိုနေ့ကို မြင်တွေ့ရဖို့အတွက် အဖွဲ့ချုပ်ကို ယုံကြည်စွာမဲပေးခဲ့ကြတာမို့ သူ တို့ရဲ့ ဆန္ဒကိုအလေးထားတဲ့အ နေနဲ့ ပယ်မဲလုံး၀မဖြစ်အောင် ဂရု ပြုပါ’’ဟု တိုက်တွန်းခဲ့ကြောင်း ဒီချုပ်အမတ် ဒေါ်သီရိရတနာက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

‘‘ပြည်သူ့မျှော်မှန်းချက်ပြည့် ရင်ကျွန်မတို့ရဲ့ သမိုင်းတာ၀န် ကျေပါပြီ။ သမိုင်းပေးတာ၀န်ဆို တာ လူတိုင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်ရလာတဲ့တာ၀န်ကိုဂုဏ် ယူစွာထမ်းဆောင်ပါ။ ကျန်းမာ အောင်နေပါ။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ ဘာလို့လဲဆိုရင် ပြည်သူ့တာ၀န်ထမ်းတဲ့ အလုပ်ပါ။ မနက်ဖြန်လည်း ပင်နီပဲအားလုံး၀တ်ပြီး လွတ်လပ်ခြင်း၊ စိတ်ဓာတ်မာကျောခြင်း၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတို့ကို ကိုယ်စား ပြုခြင်းရဲ့ သင်္ကေတတွေနဲ့ ပြည် သူ့ကိုယ်စားပြုခဲ့ကြပါလို့ မှာ လိုက်ချင်ပါတယ်’’ဟုပြောကြားခဲ့ ကြောင်း ၎င်းကဆက်လက်ရေး သားထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဒုသမ္မတ သုံးဦးထဲမှ နိုင်ငံတော်သမ္မတကို မတ်လ ၁၅ရက်(ယနေ့)တွင် မဲပေးရွေးချယ်ကြမည်ဖြစ်သည်။

ဒီချုပ်ကိုယ်စားတစ်ဦးက မဲ ပေးခြင်းနှင့် ပတ်သက်၍ ‘‘မဲပေး မှားစရာမရှိတော့ပါဘူး။ အကုန် လုံးက ဦးထင်ကျော်သမ္မတဖြစ်ရ မယ်ဆိုတာ သိကြပါတယ်။ အဲဒီ တော့ အကုန်လုံးက ဦးထင်ကျော် သမ္မတဖြစ်လောက်တဲ့အထိကို ပုံ ပေးကြမှာပါ။ ပြီးတော့ ဘယ်လို မဲပေးရမလဲဆိုတာကို လွှတ်တော် မှာလည်း ရှင်းပြထားတယ်။ ပါတီ ခေါင်းဆောင်ပိုင်းတွေကလည်း မှာထားတယ်ဆိုတော့ ကျွန်တော် တို့လိုချင်တဲ့ ရလဒ်ဖြစ်မှာပါ’’ဟု ပြောသည်။

‘‘မဲဘယ်လိုပေးရမလဲဆို တာကို ပါတီခေါင်းဆောင်တွေက လည်း မှာထားတယ်။ လွှတ်တော် မှာလည်း ရှင်းပြထားပါတယ်။ အဲ ဒီတော့ မဲမှားပေးစရာတော့မရှိ လောက်ပါဘူး။ ဒုသမ္မတရွေးတုန်း ကဖြစ်တဲ့ပယ်မဲကလည်း ကျွန်မ တို့ ပါတီက မဟုတ်လောက်ပါ ဘူး။ နောက်ပြီး တိုင်းရင်းသားမဟာ မိတ်ပါတီတွေကလည်း ၀န်းရံကြ မှာပါ’’ဟု ဒီချုပ်အမတ်တစ်ဦးကပြောသည်။

Source: 

7 Day Daily