အစိုးရသစ်ဖွဲ့စည်းရ မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၎င်းတို့၏ကာလရှည်မဟာ မိတ်ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)ကို ပြည် ထောင်စုအစိုးရအဖွဲ့တစ်နေရာ ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။
‘‘ကက်ဘိနက်ထဲမှာ တစ် ယောက်ထားဖို့ ကမ်းလှမ်းတယ်။ ဒုသမ္မတဆိုတဲ့ ရာထူးလို့တော့ မ ပြောဘူး။ ကျွန်တော်တို့ကလည်း ဘာရာထူးလဲလို့ မမေးဘူး’’ ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က 7Day Daily အား ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် ထောင်စု ရှေ့နေချုပ်တို့ ပါဝင် သည်။
ကမ်းလှမ်းထားသည်မှာ နှစ်လကျော် ကြာမြင့်ပြီဖြစ်သော် လည်း သမ္မတလောင်းစာရင်းကြေ ညာရန် နှစ်ရက်သာ လိုတော့ သည့်အချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ဒုသမ္မတနေရာအတွက် အ တည်ပြုပေးခြင်းမရှိသော်လည်း ဦးစိုင်းညွန့်လွင်သည် နိုင်ငံရေးသြဇာကြီးမားသော ဦးခွန်ထွန်းဦးကို ကျော်ဖြတ်ကာ ရေပန်းစားလျက်ရှိသည်။
ဦးခွန်ထွန်းဦးသည် သမီးဖြစ်သူနှင့်ပတ်သက်၍ သမ္မတအရည်အချင်းသတ်မှတ်ချက်၅၉(စ)နှင့်ငြိစွန်းနေရာ ဒေါ်အောင်ဆန်းစု ကြည်ကဲ့သို့ပင် သမ္မတလောင်းစာ ရင်းတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ထို့အပြင် သမ္မတလောင်းစာ ရင်းကြေညာမည့်မတ်လ ၁၀ ရက်တွင် ဦးစိုင်းညွန့်လွင်သည် နေပြည် တော်၌ ရှိနေမည်ဖြစ်ရာ ခန့်မှန်း ချက်များ ပိုမိုအားကောင်းလာစေ သည်။
ဦးစိုင်းညွန့်လွင်သည် ပါတီအတွင်း၌လည်း နာမည်ကောင်း ဖြင့် ကျော်ကြားပြီး ပါတီဝင်များ၏ ထောက်ခံမှုရရှိထားသူဖြစ်သည်။
အမျိုးသား ပြန်လည်သင့် မြတ်ရေးမူကို စွဲကိုင်ထားသည့်ဒီ ချုပ်သည် လွှတ်တော်တွင် တိုင်း ရင်းသားများအား အရေးကြီးနေ ရာများပေးအပ်ထားသည်။
ပြည်ထောင်စုလွှတ်တော်နာ ယက၊ အမျိုးသားလွှတ်တော်ဥက္ကဌမှာ ကရင်တိုင်းရင်းသားဖြစ်ပြီး အမျိုးသားလွှတ်တော်ဒုဥက္ကဌမှာ ရခိုင်တိုင်းရင်းသားဖြစ်သည်။ ထို့ အပြင် ပြည်သူ့လွှတ်တော်ဒုဥက္ကဌမှာ ကချင်တိုင်းရင်းသား ဖြစ် သည်။
ချင်းတိုင်းရင်းသားကို အမျိုး သာလွှတ်တော်သဘာပတိ တာဝန်ပေးခဲ့ပြီး မွန်တိုင်းရင်းသူကို ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် ဆောင်ရွက်စေခဲ့သည်။
သို့ဖြစ်ရာ ရှမ်းတိုင်းရင်းသား များအတွက် ဒုတိယသမ္မတနေရာ ကို လျာထားခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက မှန်း ဆသည်။
‘‘အင်န်အယ်လ်ဒီအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒကို အခြေခံပြီးသွားတဲ့ နေရာမှာ တိုင်းရင်းသားတွေကို နေရာပေးပြီး သွားနေတာကို တွေ့ရတယ်။ ဒီတော့ တိုင်းရင်းသားအားလုံးကို အဓိကရာထူးနေရာ တွေမှာ နေရာပေးတဲ့ သူ့မူအရဆိုရင် ရှမ်းနဲ့ ကယားပဲကျန်တယ်။ ဒီ တော့ ဒုသမ္မတတစ်ဦးကို စဉ်းစား တဲ့နေရာမှာ ရှမ်းက အများကြီး ဖြစ်နိုင်တယ်။ လက်ရှိ ရှမ်းပြည်မှာဆိုရင်လည်း SNLD က အား ကောင်းတယ်။ ရှမ်းပြည်ရဲ့အနေ အထားအရ ရှမ်းခေါင်းဆောင် တွေ ကိုယ်တိုင် နိုင်ငံရေးမှာ ဦး ဆောင်ကဏ္ဍက ပါဝင်ပြီး အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းစဉ်ကို ဆောင်ရွက်ဖို့လိုတယ်။ အင်န်အယ်လ်ဒီအနေနဲ့ ဒုသမ္မတ နေရာအတွက် SNLD နဲ့ ဆွေးနွေး နေတယ်လို့ သတင်းတွေထွက် လာတော့ ဒါဟာ အများကြီးဖြစ် နိုင်ပါတယ်’’ ဟု တကောင်းနိုင်ငံ ရေး လေ့လာမှုအဖွဲ့ ဒါရိုက်တာ ကိုရဲက ပြောသည်။
မြန်မာနိုင်ငံ၌ ရှမ်းတိုင်း ရင်းသားများသည် ဗမာတိုင်းရင်း သားပြီးလျှင် လူဦးရေအများဆုံး ဖြစ်သည်။ ရှမ်းပြည်နယ်သည် လည်း မြန်မာနိုင်ငံတွင် ဧရိယာ အကျယ်ဝန်းဆုံး ပြည်နယ်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းအ များဆုံးဒေသလည်းဖြစ်သည်။ တ ရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိပြီး ပထဝီနိုင်ငံရေးအရ အရေးပါသည့်ဒေသလည်း ဖြစ် သည်။ ထို့ပြင် ယင်းဒေသတွင် မူးယစ်ဆေး ပြဿနာလည်း ရှိနေသည်။
၂၀၁၀ ရွေးကောက်ပွဲအာ ဏာရပါတီ ပြည်ခိုင်ဖြိုးကလည်း ရှမ်းတိုင်းရင်းသား တစ်ဦး ဖြစ် သည့် ဒေါက်တာစိုင်းမောက်ခမ်း အား ဒုသမ္မတနေရာပေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၎င်း၏မဟာမိတ်တိုင်း ရင်းသားပါတီဟောင်းတစ်ခုဖြစ် သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဟောင်း ၂၀၁၅အထွေထွေရွေးကောက်ပွဲအနိုင်ရအမျိုးသာလွှတ်တော်ကိုယ်စားလှယ်ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးအပ်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မဟာမိတ်တိုင်းရင်းသားပါ တီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် သည် ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင်လွှတ်တော်ကိုယ် စားလှယ်နေရာ ၄၀ အနိုင်ရထား သည်။