အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာ လျှင် ဝန်ကြီးဌာနများကို လျှော့ချ မည်ဖြစ်ပြီး ဝန်ကြီးဌာန ၂၀ ကျော် သာ ကျန်ရှိမည်ဖြစ်ကြောင်း မတ်လ ၄ ရက်က ဒေါ်အောင် ဆန်းစုကြည်၏ နေပြည်တော် နှင်းဆီစံအိမ်၌ ပြုလုပ်သောအ စည်းအဝေးအပြီးတွင် ဦးဝင်းထိန် က ပြောကြားသည်။
‘‘သမ္မတရုံး ဝန်ကြီးဌာန ခြောက်ခုရှိတယ်။ အဲဒီခြောက်ခု က တစ်ခုတည်းဖြစ်သွားလိမ့် မယ်။ တခြားဝန်ကြီးဌာန ၃၀ က ၂၀ လောက်ပဲ ကျန်မယ်။ တူတဲ့ ဝန်ကြီးဌာနတွေကို ပေါင်းမယ်။ အဲဒီလိုလုပ်နိုင်အောင်လည်း အ ရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေရွေး ထားပြီးပြီ။ ဒါကြောင့် ဝန်ကြီးဌာန က ၂၁၊ ၂၂ လောက်ပဲ ကျန်မယ်’’ ဟု ဦးဝင်းထိန်က သတင်းထောက် များအား ပြောသည်။ဒီချုပ်အသိုင်းအဝိုင်း၏ ခန့် မှန်းချက်များအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသူ ဒေါ်အောင် ဆန်းစုကြည်သည် တစ်ခုတည်း သော သမ္မတရုံး၏ ဝန်ကြီးဖြစ်လာ မည်ဖြစ်ပြီး တိုင်းပြည်ကို စီမံအုပ် ချုပ်မည်ဟု သိရသည်။ ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပါ တွဲကိုင်ပြီး ကာလုံသို့လည်း ဝင် ရောက်နိုင်မည်ဖြစ်သည်။
လွန်ခဲ့သော တနင်္ဂနွေက ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်း လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ပါတီကိုထားခဲ့ပြီး အစိုးရ အဖွဲ့သို့ လိုက်ပါသွားမည်ဟူသော အယူအဆများကို ပိုမိုခိုင်မာစေခဲ့သည်။ လက်ရှိ အစိုးရလက်ထက် တွင် ဝန်ကြီးဌာန ၃၆ ခု ရှိနေသည်။ သို့ဖြစ်၍ ဝန်ကြီးဌာနများ ပူးပေါင်း ပြင်ဆင်ဖွဲ့စည်းလိုက် လျှင် ပိုလျှံလာမည့် ဝန်ထမ်းများ စိတ်ပူစရာမလိုကြောင်း ဦးဝင်း ထိန်က ပြောသည်။
‘‘အဲဒီဝန်ထမ်းတွေဟာ သူ တို့ရဲ့ နေရာအတွက် ပူစရာမလို ဘူး။ သူတို့ကို ဘယ်နေရာချထား မယ်ဆိုတာ စဉ်းစားထားပြီးသား။ နေရာတွေလည်း ရှိပြီးသား’’ဟု ၎င်းက ပြောသည်။
သို့သော် မကျွမ်းကျင်သည့် ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့လို သူများအတွက် သင်တန်းများရှိ လာမည်ဖြစ်ကြောင်း၊ နယ်အ ပြောင်းအရွှေ့များအတွက်လည်း တတ်နိုင်သလောက် သက်သာ အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာနအချို့ ပူးပေါင်းမည်ဖြစ်သော် လည်း ဝန်ထမ်းများကို ဖြုတ်ထုတ် သတ်လမ်းစဉ် ကျင့်သုံးမည့်မူဝါဒ မရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
နောင်လာမည့် အစိုးရသက် တမ်းအတွင်း ဝန်ကြီးဌာနများ လျှော့ချရေးပြုလုပ်ရာတွင် အ လုပ်တာဝန်နည်းပါးသော ဌာနမှ ဝန်ထမ်းများကို အလုပ်တာဝန် များပြား၍ လိုအပ်ချက်ရှိသော ဌာနများသို့ ရွှေ့ပြောင်းတာဝန် ပေးမည်ဖြစ်ကြောင်း ရွေးကောက် ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားဖူးသည်။ ပို့ဆောင်ရေးဝန် ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့သည် သေချာ ပေါက်ပေါင်းစည်းခံရမည့် ဝန်ကြီးဌာနများဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီး ဌာနတို့မှာလည်း ဖျက်သိမ်းခံရ မည့် ဝန်ကြီးဌာနများအဖြစ် သတင်းပြေးလျက်ရှိသည်။