ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူရန် ဖြစ်နိုင်ခြေများဟုဆို

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးတာ ဝန်ယူရန်ဖြစ်နိုင်ဖွယ်အရှိဆုံးဖြစ် ကြောင်း မြန်မာ့အရေးလေ့လာသူ လယ်ရီဂျေဂင်က NLDသတင်း ရင်းမြစ်အား ကိုးကား၍ သုံးသပ် ဆောင်းပါးရေးသားထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် သဘောတူညီချက်ယူ’’ ဟူ သည့်ခေါင်းစဉ်ဖြင့် ဘန်ကောက် ပို့စ်သတင်းစာတွင်ဖော်ပြသော မစ္စတာဂျေဂင်၏ အတွေးအမြင် ဆောင်းပါး၌ ယင်းကဲ့သို့သုံးသပ် ထားခြင်းဖြစ်သည်။

‘‘သည်လေဒီဟာ လွှတ် တော်မှာရှိမှာမဟုတ်ဘူးလို့ NLD အမတ်တွေကိုပြောထားတော့ သူ ဟာ သမ္မတနေရာယူတော့မှာပဲလို့ အများစုက ယူဆကုန်ကြရော။ ဒါ ပေမဲ့သူဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖို့ ဖြစ်နိုင်ဖွယ်အရှိဆုံးပဲလို့ NLDသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်’’ဟု မစ္စတာဂျေဂင် ကရေးသားထားသည်။
နိုင်ငံခြားရေးဝန်ကြီးအနေ ဖြင့် သမ္မတနိုင်ငံကိုအုပ်ချုပ်ရာ တွင်လည်း ကူညီနိုင်မည်ဖြစ်ပြီးပါ ဝါကြီးသော အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ ဝင်တစ်ဦးလည်းဖြစ်နိုင်မည်ဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ် အရသော်လည်း ကောင်း ပေးအပ်လာသည့်တာဝန် များထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်၍ ကာလုံကောင်စီကို ဖွဲ့စည်းကြောင်း ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ယင်း၌ သမ္မတနှင့်ဒုသမ္မတများ၊ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌများ၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်၊ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးစသည့်အဖွဲ့ဝင် ၁၁ဦး ပါဝင်သည်။

နိုင်ငံခြားရေးဝန်ကြီးသည် ကာလုံကောင်စီတွင် တစ်ဦးတည်း သော အရပ်သားဝန်ကြီးဖြစ် သည်။ ၎င်းနှင့်အတူ သမ္မတနှင့်ဒု သမ္မတများ၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများဟူ၍ စုစုပေါင်းအရပ် သားအဖွဲ့ဝင် ငါးဦးရှိမည်ဖြစ် သည်။ သို့သော် ကျန်ခြောက်ဦး မှာ တပ်မတော်မှဖြစ်၍ အရေအ တွက်အားဖြင့် အရပ်သားက တစ်မဲပို နည်းသည်။

ပြီးခဲ့သည့်တစ်ပတ်အထိ ဒီ ချုပ်ခေါင်းဆောင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိန်ခေါ်ရန်နှင့် ၅၉(စ)ကို ဆိုင်းငံ့ရန်အပါအဝင် မျဉ်းပြိုင်မဟာဗျူဟာနှစ်ရပ်ကို သုံးနေခဲ့ပုံပေါ်ကြောင်း ဆယ်စုနှစ်များချီ မြန်မာ့အရေးလေ့လာနေခဲ့သူ မစ္စတာဂျေဂင်ကဆို သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခုပြင်ဆင်ရန် အချိန်မကျသေး ကြောင်းတပ်မတော်က ဆက် တိုက်ပြောကြားနေသည့်အတွက် တပ်မတော်နှင့် ထိပ်တိုက်မတွေ့ ရန် ယခုအခြေအနေတွင် ဖွဲ့စည်း ပုံကို စိန်မခေါ်ရန် ဒေါ်အောင်ဆန်း စုကြည်က ဆုံးဖြတ်ခဲ့သည်ဟု ဒီချုပ်အတွင်းရင်းမြစ်ကဆိုသည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ကာကွယ်စောင့် ရှောက်သူများဖြစ်ကြောင်း တပ် ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲပြီးနောက်တွေ့ ဆုံမှုသုံးကြိမ်စလုံး၌ တစ်သမတ် တည်း ပြောကြားထားသည်ဟု ဆောင်းပါးတွင်ဖော်ပြထားသည်

Source: 

7 Day Daily