သမ္မတရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်ဖြစ် သည့် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့်လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့အစည်းအ ဝေးကို ၂၀၁၆ မတ်လ ၁၇ ရက် (ကြာသပတေးနေ့)တွင် စတင် ရန် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အစည်းအဝေး ပထမနေ့၌ ကြေ ညာသည်။
ရွေးကောက်ခံပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအစုအ ဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့နှင့် အဆိုပါလွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များအစုအဖွဲ့တို့ က ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ် တင်မြှောက်ကြမည်ဖြစ် သည်။
အစည်းအဝေးများကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ပြည်သူ့လွှတ်တော်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမျိုးသားလွှတ်တော်တွင်လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတ်မှတ်ပေးသည့်နေရာတွင်လည်းကောင်း ပြုလုပ်ရန် နာယကက ဆိုသည်။
ဒုသမ္မတတစ်ဦးစီ ရွေးချယ် တင်မြှောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တပ်မတော်က တာဝန်ပေးအပ်သည့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးက ရွေးချယ်တင်မြှောက်ခံ ရသည့်ဒုသမ္မတအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယ ကထံ တင်ပြရမည်ဖြစ်သည်။
‘‘တစ်ဆက်တည်းမှာပဲ နိုင်ငံ တော် သမ္မတ စိစစ်ရေးအဖွဲ့က လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့်အတူ ရွေးကောက် ခံ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၊ အမျိုးသား လွှတ် တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးတို့ကိုလည်း တစ်ပါတည်း ရွေးချယ်ပြီး အမည်စာရင်းပေးပို့ ကြဖို့ဖြစ်ပါတယ်။ အမည်စာရင်း များရရှိပြီးတဲ့အခါမှာ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ပြည့်စုံမှု ရှိ၊ မရှိကို စိစစ်ခြင်း၊ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်’’ဟု နာယကက ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော် ပထမသက်တမ်းက ယင်းကဲ့သို့ သောအစည်းအဝေးများကို ၂၀၁၁ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပ ရန် ညွှန်ကြားခဲ့သည်။ သမ္မတ၊ ဒုသမ္မတများရွေးချယ်ခြင်းကို ဖေ ဖော်ဝါရီ ၄ ရက်တွင် ပြီးစီးခဲ့သည်။သို့သော် ထိုကာလက အခြေအနေမှာ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ တပည့်များအား အာဏာကို အပ်နှင်းပေးသည့် အနေအထားဖြစ်၍ များစွာ အခက်အခဲ မရှိခဲ့ပေ။
ယခုအခြေအနေများသည် သမ္မတဖြစ်ခွင့်ပိတ်ပင်ခြင်းခံထား ရသူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်နိုင်ရန် အချိန် ယူခြင်းဟု ခန့်မှန်းမှုများ ရှိနေ သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်၊ NLD ကိုယ်စားလှယ် အဖွဲ့နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ ကြားမှာ တွေ့ဆုံဆွေးနွေးအဖြေ ရှာဖို့ကို ဦးတည်တယ်လို့ မြင် တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုကို အကြောင်းပြုပြီးတော့ ၅၉(စ) ပြင်ဆင်တာ၊ ၅၉(စ) ဆိုင်းငံ့တာကို တပ်မတော်ဘက်က သဘောတူ တယ် ဆိုရင်တော့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ပြည်သူ့လွှတ်တော်ကတင်တဲ့ သမ္မတလောင်း ဖြစ်လာနိုင်တယ်လို့မြင်တယ်’’ဟု နိုင်ငံရေး ဆောင်းပါးရှင် ဒေါက် တာရန်မျိုးသိမ်းက သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့ ရွေးကောက်ပွဲပြီးနောက် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သော် လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထည့်သွင်းဆွေး နွေးခဲ့ခြင်း မရှိသေးကြောင်း နှစ် ဖက်ထုတ်ပြန်ချက်များအရ သိရ သည်။
ဒီချုပ်ဦးဆောင်သည့် ပြည် သူ့လွှတ်တော်အစည်းအဝေးပထ မနေ့တွင် တပ်မတော်ပိုင်သတင်း စာများက ၅၉(စ) မပြင်လိုသည့် ဆောင်းပါးများထည့်သွင်းဖော်ပြ ခဲ့သည်။
လက်ရှိအစိုးရ သက်တမ်း သည် လာမည့် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။