ပြည်ထောင်စုလွှတ်တော်သစ် ဖေဖော်ဝါရီ ၈ ရက် စတင်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစု ပါဝင်တက်ရောက်ရမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဖေဖော်ဝါ ရီ ၈ ရက် (တနင်္လာနေ့) ၌ စတင် ကျင်းပမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌအား ရွေးချယ်ပြီးစီးပြီ ဖြစ်သဖြင့် အထက်ပါနေ့ရက်များ တွင် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပရန် သတ်မှတ်ထား ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာ ဦးဆောင်မှု ကော်မတီမှ သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတင်ကျင်းပမည့် နေ့ရက်ကိုသာသိရပြီး ယင်းအ စည်းအဝေး စတင်သည့်နေ့တွင် မည်သည့်ကိစ္စရပ်များ စတင် ဆောင်ရွက်မည်ဆိုသည်ကို မသိ ရှိရဘဲ အစည်းအဝေးအစီအစဉ် များကို သက်ဆိုင်ရာလွှတ်တော် နာယကက ကိုင်တွယ်ဆောင်ရွက် မည်ဖြစ်ကြောင်း ကော်မတီက ပြောသည်။

နိုင်ငံတော်၏ အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာကို စွဲကိုင် ကျင့်သုံးရမည့် နိုင်ငံတော်သမ္မတ အပါအဝင် ပြည်နယ်/တိုင်းဒေသ ကြီးဝန်ကြီးချုပ်များ၊ ပြည်ထောင် စုအစိုးရအဖွဲ့၊ ပြည်ထောင်စု အ ဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းရေး ကိစ္စများကို ပြည်ထောင်စုလွှတ် တော် ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ရန်ဖြစ်ကြောင်း အ ခြေခံဥပဒေက ပြဋ္ဌာန်းထားသည်။

ဒုတိယအကြိမ်ပြည်ထောင် စုလွှတ်တော် စတင်ကျင်းပသည့် နေ့တွင် အခြေခံဥပဒေ၌ ဖော်ပြ ထားသော လွှတ်တော်အမြဲတမ်း ကော်မတီနှစ်ရပ်ဖြစ်သော ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စသည့် ရေးရာပူးပေါင်းကော်မတီ များ ဖွဲ့စည်းခြင်း၊ သဘာပတိက အမှာစကားပြောကြားခြင်း စသည့်ကိစ္စရပ်များ လုပ်ဆောင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

သို့သော် အစိုးရသစ်ဖွဲ့စည်း ရေးကိစ္စရပ်များကိုမူ ဖေဖော်ဝါရီ နောက်ဆုံးပတ်(သို့မဟုတ်)မတ်လ ပထမပတ်ခန့်မှသာ ဆောင်ရွက် မည်ဖြစ်ကြောင်း NLD ပါတီ တာဝန်ရှိသူအချို့ကပြောသည်။

Source: 

7 Day Daily