သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦး ဝင်းမြင့်ထံ တာဝန်များလွှဲပြောင်းပေး

သူရဦးရွှေမန်းက ဦးဝင်းမြင့်ကို ဥက္ကဋ္ဌတာဝန်များ လွှဲအပ်နေစဉ်(ဓာတ်ပုံ-Thura U Shwe Mann’FB)

ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် ဦးဝင်းမြင့် အား ယခင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဋ္ဌရုံးခန်းတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်း၌ တာဝန်များလွှဲ ပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် စတင်ကျင်းပသည့် ပထမနေ့အစည်းအဝေးများ ပြီးဆုံးပြီးနောက် နံနက် ၁၁ နာရီ ၂ဝမိနစ်တွင် ဥက္ကဋ္ဌတာဝန်အပြင် ဥက္ကဋ္ဌ ရုံးရှိ အသုံးအဆောင်များနှင့် အဆောင်အယောင်များအား လွှဲ ပြောင်းပေးခဲ့ကြောင်း သူရဦးရွှေ မန်း၏ လူမှုကွန်ရက်စာမျက်နှာ ၌ ဖော်ပြထားသည်။

‘‘ပြည်သူ့လွှတ်တော်ကို စတင်ကျင်းပပြီးတော့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ပေးနိုင်တဲ့ အတွက် တို့နိုင်ငံအတွက် ဂုဏ် သိက္ခာမြင့်မားစေပါတယ်။ အဲဒီ နည်းတူပဲ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ပြီး တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အ ရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် နောက် လွှတ်တော်ကနေ ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်သူတွေကရော၊ မီဒီယာတွေ ကရော အားလုံးဝိုင်းဝန်းကူညီကြ ဖို့ မေတ္တာရပ်ခံပါတယ်’’ဟု သူရ ဦးရွှေမန်းက ဖေဖော်ဝါရီ ၁ ရက် တွင် လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက် စဉ် မီဒီယာများအား ပြောကြား သည်။

ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှုရှိသောသူရဦးရွှေမန်း အပါအဝင် ဦးစောလှထွန်း၊ ဦးမောင်တိုးအစရှိသည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဟောင်းအချို့နှင့် လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းများ တက် ရောက်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၄ ရက် ကြာသ ပတေးတွင် ပြန်လည်ကျင်းပမည့် ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ဒုတိယနေ့၌အမြဲတမ်းကော် မတီများဖြစ်ကြသည့်ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီတို့ကို ဖွဲ့စည်းမည်ဖြစ် သည်။

ပထမအကြိမ် လွှတ်တော် သက်တမ်း၏ ဥက္ကဋ္ဌများ၊ နာယ ကများအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသော သူရဦးရွှေမန်းနှင့် ဦးခင် အောင်မြင့်တို့သည် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးခဲ့သည့် လွှတ် တော်သက်တမ်းနှင့်အတူ ရာထူး များမှ အလိုအလျောက် နုတ်ထွက်သွားကြပြီဖြစ်သည်။

သူရဦးရွှေမန်းသည် NLD မှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ် တွင် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းတစ်ခုခု၌ ပြန်လည်တာ ဝန်ပေးခံရနိုင်ကြောင်း ထင်ကြေးပေးခံရမှုများရှိပြီး သူရဦးရွှေ မန်းကမူ ၎င်းကို NLD မှ ကမ်းလှမ်းမှုတစ်စုံတစ်ရာ မရှိသေးကြောင်းဇန်န ဝါရီ ၂၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားထားသည်။

Source: 

7 Day Daily