ရွေးကောက်ပွဲအ နိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ရွေး ကောက်ပွဲအပြီး ပထမဦးဆုံးအ ကြိမ်တွေ့ဆုံမှုအဖြစ် ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အား ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမှုသည် ရွေး ကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သွားရောက် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံရာ၌ပါဝင်ခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ဦးဝင်းမြင့်ထံမှ သိရ သည်။ ရွေးကောက်ပွဲကာလအ တွင်း မဲဆန္ဒရှင်ပညာပေးရေးလုပ် ငန်းများ၌ အားနည်းချက်များရှိခဲ့ သည်ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား ပြောကြားခဲ့ သည်ဟု ၎င်းက ပြောသည်။
အဆိုပါတွေ့ဆုံမှုတွင် ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များဖြစ်ကြ သော ဦးဝင်းမြင့်နှင့်္ ဒေါက်တာ ဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်၊ ဒေါက်တာ တင်မာအောင်တို့ပါဝင်ခဲ့ပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးဘက်က ကော်္မရှင်အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြောင်း နှစ်ဖက်သတင်း ထုတ်ပြန်မှုများတွင် ဖော်ပြထား သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲ တွင် ကြုံတွေ့ခဲ့ရသည့် သင်ခန်း စာများကို အတွေ့အကြုံယူပြီး လက်ရှိပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် လာမည့် ရွေးကောက်ပွဲကော်မရှင်အတွက် သုံးသပ်အကြံပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားခဲ့သည် ဟု သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဦးစီး ကျင်းပခဲ့သော နိုဝင်ဘာ ၈ ရက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။