သမ္မတတာဝန်လွှဲပြောင်းရေးကော်မတီနှစ်ခု ထပ်မံ တွေ့ဆုံမည်

ပြည်ထောင်စု လွှတ်တော်သစ်စတင်ရန် ရက်ပိုင်းအလိုတွင် သမ္မတတာဝန်လွှဲပြောင်း ရေးအတွက် အစိုးရကော်မတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့်ကော်မတီနှစ်ခု ယခုရက်ပိုင်းအတွင်း တွေ့ဆုံမည်ဟု သတင်းရရှိသည်။

‘‘ကျွန်တော်တို့နောက်ဆုံး လုပ်ထားတဲ့ ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေ ပြောမှာပေါ့။ သူတို့ဘက်ကတော့ ဘာပြောမလဲမသိသေးဘူး’’ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။တွေ့ဆုံရာတွင် သမ္မတ ဦး သိန်းစိန်က နောက်တက်လာမည့် သမ္မတအား တာဝန်လွှဲပြောင်းပေး မည့် အခမ်းအနားအတွက်လည်း ထည့်သွင်းဆွေးနွေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ကော် မတီနှစ်ခု မတွေ့ဖြစ်သည်မှာ တစ်လကျော်ခဲ့ပြီဖြစ်ပြီး ယခင်က တစ် ကြိမ်သာ တွေ့ဆုံဆွေးနွေးထား သည်။ ပထမအကြိမ် တွေ့ဆုံမှု တွင် ဒီချုပ်တောင်းဆိုထားသည့် ဝန်ကြီးဌာန အချက်အလက်များ ကို တစ်လအတွင်း ပြုစုပေးမည် ဟု အစိုးရဘက်က ပြောကြားခဲ့ သည်။

ထို့ပြင်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အစိုးရသစ်ကို ဦးဆောင်မည့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဇန်နဝါရီ ၂၅ရက်(ယ နေ့)တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်းအစီအ စဉ်က သတင်းဖော်ပြထားသည်။ သို့သော် တပ်ချုပ်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဇန်နဝါရီ ၂၄ ရက်တွေ့ဆုံရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ကောင်စီဘက်က နှစ်ကြိမ်မေး မြန်းခဲ့သော်လည်း တပ်ချုပ်က ပြောကြားခဲ့ခြင်းမရှိပေ။

တွေ့ဆုံမှုကို နှစ်ဖက်စလုံး က အတည်ပြုပေးခြင်း မရှိသော် လည်း ဒီချုပ်အစိုးရသစ်ဖွဲ့စည်း ရာတွင် တပ်မတော်က တင်သွင်း မည့်လူစာရင်းကိစ္စညှိနှိုင်းရန် တွေ့ဆုံမှုမှာ ဖြစ်နိုင်ဖွယ်ရှိ ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

‘‘မီဒီယာကို ကြိုတင်မထုတ် ပြန်ဖို့ နှစ်ဖက်သဘာတူထားတာ ဖြစ်နိုင်တယ်’’ဟု ၎င်းက သုံးသပ် သည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေး ဆိုင်ရာကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းမှလွဲ၍ မည်သူမျှ ပြောရေးဆိုခွင့်မရှိကြောင်း ပါတီက ကန့်သတ်ထားသည်။

သမ္မတက အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာများ ခန့်အပ်ရန် တပ်ချုပ်ထံ မှ အမည်စာရင်းရယူရမည်ဖြစ် သည်။ ထို့ပြင် သမ္မတက အဆိုပါ ဝန်ကြီးဌာနသုံးခုအပြင် အခြားဝန် ကြီးနေရာများအတွက် တပ်မ တော်သားများ ခန့်အပ်လိုလျှင် တပ်ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်သည်။ ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတတစ်ဦး တင်မြှောက်ခွင့်ရထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့သည် ၂၀၁၅ ဒီဇင်ဘာ ၂ ရက်က ပထမအကြိမ် သီးသန့် တွေ့ဆုံခဲ့သည်။

Source: 

7 Day Daily