ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးများကို မူလ လျာထားရက်ထက် ခုနစ်ရက် နောက်ဆုတ်၍ ဖေဖော်ဝါရီ ၈ ရက်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပပုံများကို မန္တလေးတိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် အချို့ သွားရောက်လေ့လာမည် ဖြစ်၍ ယခုကဲ့သို့ လွှတ်တော်အ စည်းအဝေးများ ရက်အနည်းငယ် နောက်ဆုတ်လိုက်ကြောင်းမန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။
‘‘သက်ဆိုင်ရာပါတီအလိုက် ကိုယ်စားလှယ်တွေအနေနဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးကျင်းပ ပုံတွေကို လေ့လာဖို့ အစီအစဉ်ရှိ တဲ့အတွက်ပါ’’ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂(ခ)၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပ ဒေပုဒ်မ ၂၉၊ ၂၀၁၃ တိုင်းဒေသ ကြီး(သို့မဟုတ်)ပြည်နယ်လွှတ် တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃ (က)(၁)ပါ ပြဋ္ဌာန်းချက်များနှင့်အ ညီ ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် လွှတ်တော်ခေါ်ယူထားခြင်းဖြစ် သည်။
ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် လွှတ် တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအသစ် များရွေးချယ်ခြင်း၊ လွှတ်တော် ဥက္ကဋ္ဌသစ်ရှေ့မှောက်တွင် လွှတ် တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက အဆိုပြုလာမည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏အမည်စာရင်းကို လွှတ်တော်၏သဘာထားယူမှုအ တည်ပြုခြင်း၊ တိုင်းဒေသကြီးတ ရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်က တိုင်း ဒေသကြီးဝန်ကြီးများအပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အ စည်းဝင်ပုဂ္ဂိုလ်များခန့်အပ်ရန် လွှတ်တော်၏သဘောတူညီချက် ရယူခြင်းနှင့် လွှတ်တော်က အတည်ပြုခန့်အပ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။