ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် တပ် မတော်သားကိုယ်စားလှယ်အမည်စာရင်းပေါ်ထွက်

ဒုတိယအကြိမ်လွှတ် တော်များ တက်ရောက်ရန် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့လာသော တပ်မတော်သား ကိုယ်စားလှယ်အမည်စာရင်းများ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၁၈ ရက် တွင် ကြေညာပြီး ယခင်စာရင်း၏ ၂၀ ရာခိုင်နှုန်းသာ အပြောင်းအလဲ ရှိကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးအမည်စာရင်းပေးပို့ပြီး အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်ချုပ် နှစ်ဦးပါဝင်သည်။ ဗိုလ်မှူးချုပ် ခြောက်ဦး၊ ဗိုလ်မှူးကြီးခုနစ်ဦးနှင့် ဒုဗိုလ်မှူးကြီး ၃၉ ဦးပါဝင်သည်။ ကျန်ကိုယ်စားလှယ်အားလုံးမှာ ဗိုလ်မှူးရာထူးများဖြစ်သည်။ တပ် ကိုယ်စားလှယ် ၁၁၀ ဦးတွင် တပ် မတော်(လေ)မှ ၁၁ ဦးနှင့်တပ်မ တော် (ရေ)မှ ရှစ်ဦးသာပါဝင်ပြီး ကျန်ကိုးဦးမှာ တပ်မတော်(ကြည်း) မှဖြစ်သည်။

အမျိုးသားလွှတ်တော်အ တွက် တပ်မတော်သားကိုယ်စား လှယ် ၅၆ ဦးအမည်စာရင်းပေးပို့ ပြီး အမြင့်ဆုံးရာထူးအဖြစ် ဗိုလ် ချုပ်တစ်ဦးပါဝင်သည်။ ဗိုလ်မှူး ချုပ်ခြောက်ဦး၊ ဗိုလ်မှူးကြီးလေး ဦးနှင့် ဒုဗိုလ်မှူးကြီး ၁၀ ဦးပါဝင် သည်။ ကျန်ကိုယ်စားလှယ်အား လုံးမှာ ဗိုလ်မှူးရာထူးများဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးသာပါဝင်သည်။ တပ်ကိုယ်စားလှယ် ၅၆ ဦးတွင် တပ်မတော်(လေ)နှင့် တပ်မတော် (ရေ)က နှစ်ဦးစီသာပါဝင်ပြီး ကျန်၅၂ ဦးမှာ တပ်မတော် (ကြည်း)မှ ဖြစ်ကြသည်။

တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ၁၄ ခုအတွက် တပ်မ တော်သားကိုယ်စားလှယ် ၂၂၂ ဦးအမည်စာရင်းပေးပို့သည်။ အ မြင့်ဆုံးရာထူးအဖြစ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှူးချုပ်တစ်ဦးသာပါဝင်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၁၃ ခုအတွက် အမြင့် ဆုံးရာထူးမှာ ဗိုလ်မှူးကြီးတစ်ဦးစီ သာဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ၂၂၂ ဦးတွင် တပ် မတော် (လေ)မှ ခုနစ်ဦး၊ တပ်မ တော်(ရေ)မှ ၁၀ ဦးမှလွဲ၍ ကျန် ၂၀၅ ဦးမှာ တပ်မတော်(ကြည်း)မှ ဖြစ်သည်။

တပ်ကိုယ်စားလှယ်များတွင် အမျိုးသမီးတပ်မတော်သားကိုယ် စားလှယ်သုံးဦးပါဝင်ပြီး ပြည်သူ့ လွှတ်တော်တွင် ဒုဗိုလ်မှူးကြီးအ ဆင့်ရှိသူနှစ်ဦးနှင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် ဗိုလ် မှူးအဆင့်တစ်ဦးဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်တစ်ခု၏ ၂၅ ရာခိုင်နှုန်းနေရာကို တပ်မ တော်သားကိုယ်စားလှယ်များက အလိုအလျောက်ရရှိထားသည်။

Source: 

7 Day Daily