ဘေးကင်းလုံခြုံစွာ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ရွေးကောက်ပွဲများ

Thursday June 4, 2020

COVID-19  ဟာ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေသာ မက ကျန်းမာရေးစနစ်ကိုလည်းခြိမ်းခြောက်လာနေပါတယ်။
 ဒီမိုကရေစီအတွက် အန္တရာယ်ရှိတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။
Anthony N. Banbury
 ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်

ရွေးကောက်ပွဲများအတွက်နိုင်ငံတကာဖောင်ဒေးရှင်း  (IFES)

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အုပ်ချုပ်ရေးစသည့် အခြေခံကျသော အကြောင်းအရာနယ်ပယ်များတွင် ရောဂါဆိုး၏ နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများကို IFES COVID-19 စာတမ်းငယ်များ  တွင်  ဖော်ပြထားပါသည်။ ပထမဆုံးစာစောင်ဖြစ်သည့်  "ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ရွေးကောက်ပွဲများ" တွင် "COVID-19 နှင့် အခြားရောဂါများ နိုင်ငံအတွင်းကျရောက်နေသည့် အချိန်အတောအတွင်း လုံခြုံစိတ်ချမှုရှိအောင် ရွေးကောက်ပွဲများကို မည်သို့ကျင်းမည်နည်း။" ဆိုသည့် မေးခွန်းအတွက် အဖြေများကို ဖော်ပြထားပါသည်။ ရွေးကောက်ပွဲများအတွက်တာဝန်ရှိသူများ နှင့်  ဒီမိုကရေစီ/ အုပ်ချုပ်ရေးရာနယ်ပယ်များတွင် ပါဝင်လှုပ်ရှားသူများ၊ မူဝါဒချမှတ်သူများနှင့် ထောက်ခံသူများ အတွက် အကျိုးတစ်စုံတစ်ရာရှိမည့် စာတမ်းဖြစ်ပါသည်။

နိုင်ငံအတွင်း ကျန်းမာရေးရောဂါဆိုးများကျရောက်နေစဉ် ရွေးကောက်ပွဲများကျင်းပရန် ဖြစ်နိုင်ပါသည်။ သို့ရာတွင် ဆိုးရွားနေပြီးသားအခြေအနေကို ပိုဆိုးမလာစေရန်အတွက် အကြီးစား အစီအစဉ်ချမှတ်မှုမျိုးကို လုပ်ဆောင်ရန် လိုအပ်ပါသည်။