ရန်ကုန်တိုင်း၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဒေါ်လဲ့လဲ့မော်
တိုင်းဒေသကြီးနှင့် ပြည်နယ်၀န်ကြီးချုပ်များ၏ အမညသရင်းများကို သက်ဆိုင်ရာ လွှတ်တော်အများစုတွင် ယမန်နေ့က အသီးသီး အတည်ပြုကြေညာခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့်လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင် မြောက်ခံရသူက အဆိုပြုသည့် ၀န်ကြီးချုပ်များ အမည်စာရင်းကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက အတည်ပြုခဲ့ကြသော ၀န်ကြီးချုပ်များမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်
နယ်၀န်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်၀န်ကြီးချုပ် အဖြစ် ဦးညီပု၊ ဧရာ၀တီတိုင်း ဒေသကြီး၀န်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော် မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦး၀င်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ်၀န်ကြီးချုပ်အ ဖြစ် အယ်လ်ဖောင်းရှိ၊ ကရင် ပြည်နယ်၀န်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်၀န်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်၊ မွန်ပြည်နယ်၀န်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်တို့ဖြစ်သည်။
ခန့်အပ်လိုက်သော ၀န်ကြီး ချုပ် ၁၄ ဦးတွင် နှစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ပြည်နယ်နှင့် တိုင်းသကြီးချုပ်များတွင် ပထမဆုံးအမျိုး သမီး၀န်ကြီးချုပ်များဖြစ်လာမည် ဖြစ်သည်။
‘‘အခုလို ကျွန်တော့်ကို ရွေးချယ်ခန့်အပ်တဲ့ သူတွေကိုရော၊ ကျွန်တော့် မဲဆန္ဒရှင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့ မှာက လုပ်စရာအလုပ်တွေ၊ စိန် ခေါ်မှုတွေအများကြီးရှိပေမယ့် စွမ်းစွမ်းတမံဆောင်ရွက်သွားမှာ ပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူ ဦးဖြိုးမင်းသိန်းက ပြောသည်။
ကချင်ပြည်နယ်လွှတ်တော်မှာမူ မတ်လ ၂၈ ရက်က မကျင်းပဖြစ်သည့်အတွက် အတည်ပြု ကြေညာနိုင်ခြင်းမရှိသေးသော်လည်း ကြိုတင်ထုတ်ပြန်ထားသော
အမည်စာရင်းတွင် ပြည်နယ်၀န်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်အား ရွေးချယ်ထားကြောင်း ပါရှိသည်။
ယခုအတည်ပြုခန့်အပ်ခံရ သူများသည် မတ်လ ၂၇ ရက်က ကြိုတင်သတင်းထွက်ထားသည့် စာရင်းအတိုင်းဖြစ်ပြီး နေရာအများစုတွင် ကန့်ကွက်သူမရှိဘဲ
အတည်ပြုနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်လွှတ်တော်၌ ဒီချုပ်ပါတီ၀င် ဦးညီပုကို ပြည်နယ်၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့၍ ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များလွှတ်တော် အစည်းအဝေး မပြီးမီအစည်းအဝေးခန်းမထဲမှထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်၀န်ကြီးချုပ်များအနေဖြင့် တစ်လလျှင် လစာ ကျပ် သိန်း ၃၀ရရှိမည် ဖြစ်ပြီး မော်တော်ယာဉ်လေးစီး (တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀)၊ ယာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်း အခမဲ့ခံစားခွင့်ရှိကြောင်း သတင်းရရှိသည်။
ထို့အပြင် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ ပြည်တွင်း အခမဲ့ဆေးကုသခွင့်၊ ရေအခမဲ့ သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းဖုန်း ခေါ်ဆိုမှုအတွက် အခမဲ့သုံးစွဲခွင့် တို့ကိုလည်း ရရှိမည်ဟု ဆိုသည်။
ဆက်လက်၍ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ယာဉ်မောင်းလေးဦးနှင့် လုံခြုံရေး အစောင့်အရှောက်တို့လည်း ရရှိမည်ဟုသိရသည်။