တိုင်းနှင့် ပြည်နယ်အစိုးရများတွင်လည်း ဝန်ကြီးဌာန နှင့် ဝန်ကြီးအရေအတွက် လျော့ချမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးဌာနနှင့် ဝန်ကြီးအရေအတွက် လျော့ချပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

ပြည်ထောင်စုအဆင့်တွင် မူဝါဒကောင်းကောင်းဖြင့် ထိထိရောက်ရောက် စွမ်းဆောင်နိုင် မည်ဆိုလျှင် တိုင်းဒေသကြီး အ ဆင့်၌လည်း ဝန်ကြီးဌာနအရေအ တွက် လျော့ချနိုင်မည်ဟု ယုံကြည် ၍ လျော့ချဖွဲ့စည်းရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဒေါက်တာဇော်မြင့် မောင်က မတ်လ ၂၄ ရက်တွင် မန္တလေးတိုင်း ဒေသကြီး
လွှတ်တော် အစည်းအဝေး အပြီး၌ သတင်းမီဒီယာများအား ပြော သည်။ ‘‘အဲဒီတော့ တိုင်းဒေသကြီး အဆင့်မှာလည်း ဘာပဲပြောပြော သေချာပါတယ်။ ဝန်ကြီးဌာန လျော့ချသွားမယ့်အတွက် ဝန်ကြီး အရေအတွက်လည်း လျော့ချမှာ ဖြစ်ပါတယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအား မည်သို့ပြန် လည်ဖွဲ့စည်းမည်ဆိုသည်ကို ပြောကြားခြင်းမရှိဘဲ ဒေသအလိုက် လိုအပ်ချက်ပေါ်မူတည်၍ ဝန်ကြီးဌာနသစ်များ ပါဝင်လာ ခြင်းမျိုးလည်း ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

သို့သော် ဥပဒေအရ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအ ဖွဲ့များ၏ ဝန်ကြီးဌာန အရေအ တွက်ကို အနည်းဆုံးငါးခုမှ အ များဆုံး ၁၀ ခုအထိ ဖွဲ့စည်းရန် သတ်မှတ်ပြဌာန်းထားသည့် အတွက် ဝန်ကြီးဌာနငါးခုနှင့် ၁၀ ခု ကြား ဖွဲ့စည်းမည်ဟု ဆိုသည်။

‘‘ဝန်ကြီးတွေပါနိုင်တဲ့ဟာက လည်း သူ့ဒေသနဲ့သူ၊ တစ်ခုနဲ့တစ် ခု တချို့နေရာတွေက သယံဇာတ ပေါတယ်လေ။ အဲဒီလိုနေရာမျိုး တွေမှာ သယံဇာတဝန်ကြီးအသစ် တစ်ပါး ထိန်းသိမ်းဖို့ ပေါ်လာမှာ ပါ။ သယံဇာတ မရှိတဲ့နေရာမှာ သွားပြီးတော့လည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးသွားခန့်လို့ မဖြစ်ဘူး ပေါ့နော်။ ကျွန်တော်ပြောချင်တာ က သူ့နေရာဒေသကိုလိုက်ပြီး တော့ ကွဲပြားခြားနားမှုရှိသလို ဝန် ကြီးလျာထားမှုတွေလည်း ပြောရ ရင်တော့ ပြီးသလောက်ရှိပြီလို့ ပြောလို့ရပါတယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ဝန်ကြီး ဌာနကိုးခု၊ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက် ရိုက် ခန့်အပ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နယ်လုံဝန်ကြီးဌာနနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးဌာနများ ကို တိုင်းအစိုးရအဖွဲ့တွင် မဖြစ်မနေထည့်သွင်းဖွဲ့စည်းရမည်ဖြစ် သည်။

Source: 

7 Day Daily