ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီ အမတ်များ ဆွေးနွေးမှုရလဒ်ကောင်းမွန်

ရခိုင်ပြည်နယ်အရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသား ပါတီတို့ ပူးပေါင်းဆောင်ရွက်ကြ ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်အမျိုးသားပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ် သီးသန့်တွေ့ဆုံမှု၌ ရလဒ်ကောင်းမွန်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် စည်ပင်သာ ယာစားရိပ်သာခန်းမတွင် မတ်လ ၂၄ ရက် ညနေက ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင် အမျိုးသားပါတီ(ANP)မှ လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးတို့၏ တွေ့ဆုံဆွေးနွေးမှုသည် တစ်နာရီခွဲခန့်ကြာမြင့်ခဲ့သည်။

‘‘သူတို့နဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးကြမယ်။ ပြဿနာပေါ်လာတိုင်း ဆွေးနွေးပြီးတော့ ပြဿနာအဖြေရှာမယ်။ အထူးသ ဖြင့် ရခိုင်မှာ ပြဿနာဖြစ်နေတဲ့ ဘာသာရေးပြဿနာတွေ၊ စီးပွား ရေးပြဿနာတွေ၊ လူမှုရေးပြဿ နာတွေ အားလုံးကို နှစ်ဖက်ညှိပြီး တော့မှ အဖြေရှာဖို့ သဘောတူ လိုက်တာပါ’’ဟု ဆွေးနွေးပွဲတွင် ပါ၀င်သူ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ဦး၀င်းထိန်က တွေ့ဆုံပွဲအပြီး၌ သတင်းထောက်များအား ပြောသည်။

ဒီချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းသည့်အခါ ၀န်ကြီးချုပ်အဖြစ် ဦးညီပုအား ခန့်အပ်မည်ဖြစ် ကာ ပြည်နယ်အစိုးရအဖွဲ့တွင် ရခိုင်အမျိုးသားပါတီမှ ပုဂ္ဂိုလ်များ၊ အခြားသော တတ်သိပညာရှင် များ ပါ၀င်မည်ဟု ဦး၀င်းထိန်ကဆိုသည်။ ‘‘ပထမအချက်ကတော့ ဆွေးနွေးဖို့သဘောတူပြီး ပူးပေါင်း ဆောင်ရွက်ဖို့လည်း သဘောတူ ပြီး ထပ်ဆွေးနွေးဖို့ရက်ကိုလည်း အကြမ်းအားဖြင့် သတ်မှတ်ပြီးပြီ။ အဲဒါတော့ ဒီနေ့ရဲ့ ထူးခြားတဲ့ အောင်မြင်ချက်ပေါ့’’ ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်၀န် ကြီးချုပ်နေရာနှင့်ပတ်သက်၍ သဘောတူညီချက် မရခဲ့သော်လည်း ဆက်လက်ဆွေးနွေးမှုများကို နှစ် ပါတီပြုလုပ်ကြရန် သဘောတူညီခဲ့ကြသည်ဟု ဦးဖေသန်းက ပြောသည်။ ‘‘ပြည်နယ်၀န်ကြီးချုပ်နေရာ အတွက် သဘောတူဆွေးနွေးတာ မျိုးမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် တို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မယ့်အရေးကို ဆွေး နွေးခဲ့ကြတယ်’’ဟု ၎င်းက ဆက်ပြောသည်။

ANP နှင့် ဒီချုပ် ညိႇနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့တွင် ပါတီဥက္ကဌ ဒေါက်တာအေးမောင်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်း အောင်ကျော်အပါအ၀င် အဖွဲ့၀င် သုံးဦးဖြင့် ဖွဲ့စည်းထားကာ ယင်းအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဆက်လက်ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု ဦးဖေသန်းက ဆိုသည်။

‘‘ပြည်နယ်၀န်ကြီးချုပ်ကိစ္စ တို့၊ ပြည်နယ်အစိုးရဖွဲ့စည်းရေး တို့ကို ပါတီက အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဆက် လက်ဆွေးနွေးကြမှာပေါ့။ နောက် တစ်ပတ်လောက်သူတို့တွေ့ဖြစ် မယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်တယ်’’ဟု ဦးဖေသန်းကပြောသည်။ ရခိုင်ပြည်နယ် အစိုးရဖွဲ့ စည်းရေးနှင့်ပတ်သက်၍ ပါတီ နှစ်ခုကြား ထိပ်တိုက်တွေ့ဆုံမှုများမရှိကြောင်းနှင့် ပြည်နယ်အစိုးရဖွဲ့ စည်းရေး ကိစ်စရပ်များကို ပြည် ထောင်စုအစိုးရ ဖွဲ့စည်းပြီးချိန် တွင် နှစ်ဖက်ထပ်မံတွေ့ဆုံမှုများ ကို ပြုလုပ်မည်ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ဆိုသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစု ကြည်က ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ တွေ့ဆုံမှုအပြီးတွင် နှစ်ဖက်စလုံးကအောင်မြင်သော တွေ့ဆုံမှုတစ်ခု ဖြစ်ကြောင်း ပြောကြားကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၅ နေရာရှိရာ ANP က ၂၃ နေရာ၊ ဒီချုပ်က ကိုးနေရာနှင့် ပြည်ခိုင်ဖြိုး က သုံးနေရာ အနိုင်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်၀န်ကြီးချုပ် နေရာနှင့်ပတ်သက်၍ ရခိုင်အမျိုး သားပါတီသည် ပြည်နယ်၀န်ကြီး ချုပ်နေရာနှင့် ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရပါက မည်သည့်အစိုးရအဖွဲ့တွင်မှ ပါ ၀င်ခြင်းမပြုဘဲ အတိုက်အခံအ ဖြစ် ဆက်လက်ရပ်တည်မည်ဟု ဇန်န၀ါရီလတွင် ထုတ်ပြန်ခဲ့ သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်အတွင်းမှ ဒေသခံအချို့က ရခိုင်အမျိုးသားပါတီ၏ သဘော ထားထုတ်ပြန်ချက်အတိုင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရာ တွင် ဆောင်ရွက်ပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

Source: 

7 Day Daily