သမ္မတတာ၀န်လွဲ ပြောင်းရေးအခမ်းအနားကို မတ် လ ၃၀ရက်တွင် သမ္မတအိမ်တော် ၌ ပြုလုပ်မည်ဖြစ်ပြီး သမ္မတသစ်ဦးထင်ကျော်အား သမ္မတဦးသိန်းစိန်က မတ်လ ၃၀ရက်နံနက်တွင် သမ္မတအိမ်တော်တွင် ကြိုဆို၍တာ၀န်များ လွဲပြောင်းပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အာဏာလွဲပြောင်းရေးနှင့် ပတ်သက်သည့်အစိုးရနှင့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖွဲ့ စည်းထားသော ကော်မတီနှစ်ခု သည် (၄) ကြိမ်မြောက်အဖြစ် မတ် ၂၂ရက်ကတွေ့ဆုံခဲ့ပြီး အ ထက်ပါ သမ္မတာ၀န်လွဲပြောင်း ရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စ များအပါအ၀င် အချက်လေးချက် ကို ဆွေးနွေးခဲ့ကြကြောင်းတွေ့ဆုံ ပွဲတွင်ပါ၀င်သည့် သမ္မတပြောခွင့် ရပုဂ္ဂိုလ်ဦးရဲထွဋ်ကပြောသည်။
‘‘သမ္မတအိမ်တော်မှာမတ် လ ၃၀ရက် မနက်မှာ သမ္မတ တာ၀န်လွဲပြောင်းရေးအခမ်းအနားပြု လုပ်မယ်။ သမ္မတဦးသိန်းစိန်က တာ၀န်လွဲမယ်။ အဲဒီနေ့မနက်မှာ ပဲ သမ္မတသစ်က လွှတ်တော်မှာ ကျမ်းကျိန်မယ်။ ကျမ်းကျိန်ပြီးရင် အိမ်တော်ကိုလာမယ်ပေါ့။ နောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကတော့ ၀န်ကြီးတွေကလည်း အတည်ပြုပြီးပြီဆိုတော့ သူတို့နဲ့ သက်ဆိုင်ရာ၀န်ကြီးဌာနတွေကို လာလေ့လာဖို့ ဒီဘက်က လက်ရှိ ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးစီစဉ်မယ် ပေါ့။ ဒီတစ်ခေါက်တွေ့တာပြီး ပါပြီ။ နောက်ဆုံးပါပဲ’’ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သမ္မတသစ်ဦး ထင်ကျော်သည် မတ်လ ၃၀ရက်မှ စတင်၍ နိုင်ငံတော်သမ္မတအိမ် တော်တွင် စတင်နေထိုင်မည်ဖြစ် သည်။
ယခုကော်မတီနှစ်ခုတွေ့ဆုံ မှုတွင် သမ္မတအိမ်တော်၌ နံနက်ပိုင်းတွင် ပြုလုပ်မည့် တာ၀န်လွဲ ပြောင်းရန် နှစ်ဖက်သဘော တူညီမှုရခဲ့ပြီး ၀န်ကြီးဌာနများကို လေ့လာနိုင်ရေးအစိုးရသစ်နှင့် လက်ရှိအစိုးရအဖွဲ့၀င် ၀န်ကြီးများတွေ့ဆုံရန်စီစဉ်ခြင်း၊ အစိုးရသစ် ၏ ၀န်ကြီး၊ ဒု၀န်ကြီးများနေထိုင်ရ မည့်အိမ်ရာများကိစ္စညိနှိုင်းခြင်း နှင့် မတ်လ ၃၀ရက်ညတွင် သမ္မတဦးထင်ကျော် သမ္မတအိမ်တော်မြက်ခင်းပြင်၌ ပြုလုပ်မည့်ဂုဏ်ပြုညစာစားပွဲအတွက် လက်ရှိအစိုးရအဖွဲ့က ၀ိုင်း၀န်းကူညီပေးမည့်အချက်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် အစိုး ရဘက်မှ သမ္မတရုံး၀န်ကြီးဌာန၀န် ကြီးဦးလှထွန်း၊ ပြန်ကြားရေး၀န် ကြီးဦးရဲထွဋ်၊ သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးနှင့် သမ္မတအိမ် တော်၀န်ဦးမောင်မောင်အုန်းတို့ ပါ၀င်ပြီး ဒီချုပ်ဘက်မှ ဗဟိုအလုပ်အမှုဆောင် ဦး၀င်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင်သူတို့ပါ၀င်ခဲ့သည်။
အဆိုပါသမ္မတတာ၀န်လွဲ ပြောင်းရေးအခမ်းအနားသို့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၊ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဌဦးတင်အေး၊ သမ္မတဦး သိန်းစိန်အစိုးရအဖွဲ့မှ ၀န်ကြီး အချို့နှင့် အစိုးရသစ်မှ ၀န်ကြီးအချို့တို့တက်ရောက်မည်ဖြစ်သည်။
သမ္မတသစ်ဦးထင်ကျော်၏ အစိုးရအဖွဲ့သည် ဧပြီ ၁ရက်တွင်အစိုးရအဖွဲ့ကို စတင်တာ၀န်ယူ မည်ဖြစ်သည်။