ပြည်ထောင်စုဝန်ကြီးဌာနအရေအတွက် ၂၁ ခုနှင့် ပြည်ထောင်စုဝန်ကြီး အရေအတွက် ၁၈ ဦးသာ ထားရှိရန် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံရသူ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ ပြန်လည်ပြောကြားလိုက်သည်။
လာမည့် ပြည်ထောင်စုအစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၂၁ ခုသာ ထားရှိရန် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်သို့ တင်ပြလိုက်သည်။
၁။နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂။စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၄။ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၆။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇။အလုပ်သမား/လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၈။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉ ။စက်မှုဝန်ကြီးဌာန
၁၀။ကျန်းမာရေးဝန်ကြီးဌာန
၁၁။ပညာရေးဝန်ကြီးဌာန
၁၂။ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
၁၅။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၁
၁၆။ပြန်ကြားရေးဝန်ကြီးဌာန
၁၇။တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈။သမ္မတရုံးဝန်ကြီးဌာန
၁၉။ကာကွယ်ရေးဝန်ကြီးဌာန
၂၀။ပြည်ထဲရေးဝန်ကြီးဌာန
၂၁။နယ်စပ်ရေးရာဝန်ကြီးဌာန