သမ္မတသစ် ဦးထင်ကျော်နှင့် မြန်မာပြည်သူလူထုကို နိုင်ငံတကာ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုကြိုဆို

နိုင်ငံတကာမှ အထင်ကရခေါင်းဆောင်များ၏ လူမှုကွန်ရက်များတွင် ရေးသားထားသည်များ

မြန်မာနိုင်ငံတော်သမ်မတသစ်အဖြစ် ဦးထင်ကျော်တင်မြေႇာက်ခံရခြင်းကို နိုင်ငံတကာ ခေါင်းဆောင်များက ကြို ဆိုကြပြီး သမ်မတသစ် ဦးထင်ကျော်နှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ တကာ ခေါင်းဆောင်များက မတ်လ ၁၅ ရက်တွင် ဂုဏ်ပြုစကား ပြောကြားသည်။

မတ်လ ၁၅ ရက် နံနက်က နေပြည်တော်ရှိ ပြည်ထောင်စု လှှတ်တော် အစည်းအေ၀း ခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်သမ်မတရွေးချယ်တင်မြေႇာက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြေႇာက်သော ဦးထင်ကျော်အား နိုင်ငံတော်သမ်မတအဖြစ် ရွေးချယ်ခံရသည့် ရလဒ်ထွက်ပေါ်ပြီးနောက် ကမ်ဘာအင်အားကြီးနိုင်ငံများအပါအ၀င် နိုင်ငံ တကာခေါင်းဆောင်များက ၀မ်းသာဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ ၀န် ကြီးချုပ် နာရင်ဒရာမိုဒီက လူမှုကွန်ရက် တွစ်တာစာမျက်နှာတွင် သမ္မတအဖြစ် ဦးထင်ကျော် တင် မြောက်ခံရခြင်းအတွက် ဂုဏ်ယူ၀မ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်သမ္မတသစ်နှင့် လက်တွဲဆောင်ရွက်ကာ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်သွားမည်ဟု ရေးသားထားသည်။

ထို့အတူ ဗြိတိန်နိုင်ငံ၀န်ကြီး ချုပ် ဒေးဗစ်ကင်မရွန်းကလည်း နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းလမ်းပြည့်၀စွာ သမ္မတတစ်ဦးတင်မြောက်နိုင်ခဲ့သည့်အတွက် မြန်မာပြည်သူများကို ဂုဏ်ပြုကြောင်း၊ သမ္မတသစ် ဦးထင်ကျော်နှင့် လက်တွဲလုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ထို့အတူ စစ်အာဏာရှင် နိုင်ငံဟု ကျော်ကြားသော မြောက်ကိုရီးယား၏ခေါင်းဆောင် ကင်ဂျုံ အန်ကလည်း သမ္မတသစ်ကို ဂုဏ်ပြုကြိုဆိုကြောင်း မြောက်ကိုရီး ယား၏ တရား၀င် သတင်းဌာနတွစ်တာ စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် ပိုမိုကောင်းမွန်သော အောင် မြင်မှုများရရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပူး ပေါင်းဆောင်ရွက်ရေး စဉ်ဆက်မ ပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်ဟု မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ သတင်းထုတ် ပြန်မှုတွင် ပါရှိသည်။

သမ္မတသစ် ရွေးချယ်တင် မြေႇာက်ပြီးနောက် ယင်းနေ့တွင်ပင် လက်ရှိသမ္မတဦးသိန်းစိန်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးထင်ကျော်ထံ ဂုဏ်ယူ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။

အဆိုပါသ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခြင်းခံရသည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများကိုယ် စား ဂုဏ်ယူ၀မ်းမြောက်ကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံ အုပ်ချုပ်ရေးအကြီးအကဲတာ၀န် များကို လွဲပြောင်းပေးအပ်ရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ပါရှိ သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် မတ်လ ၃၀ ရက်တွင် ငါးနှစ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သမ္မတသစ် ဦးထင်ကျော်ဦးဆောင်သော အစိုးရ အဖွဲ့သစ်သည် ယင်းကာလ နောက်ပိုင်းမှစတင်၍ နိုင်ငံကို ငါးနှစ်တာအုပ်ချုပ်တော့မည် ဖြစ် သည်။

သမ္မတအဖြစ် ဦးထင်ကျော်ရွေးကောက်တင်မြောက်ခံရမှုအ ပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှုများရှိသည့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းကလည်း ၀မ်းမြောက်ကြောင်း သ၀ဏ်လွာပေးပို့ခဲ့ သည်။

ယင်းအဖွဲ့၏ ခေါင်းဆောင် ဦးမင်းကိုနိုင် လက်မှတ်ရေးထိုးထားသည့် သ၀ဏ်လွာတွင် ပြည်သူ့ကိုယ်စားလှယ်များက သမ္မတသစ်ရွေးချယ်တင်မြောက်နိုင်ခဲ့ခြင်းအပေါ် လွန်စွာ၀မ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ပွဲကို မတ်လ ၁၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြောက်သော ဒုသမ္မတများဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်က တင်မြောက်သော ဒုသမ္မတ ဦးမြင့်ဆွေ(လက်ရှိရန်ကုန်တိုင်း၀န်ကြီးချုပ်) တို့အား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မဲပေးရွေး ချယ်ခဲ့ကြသည်။

မဲပေးရွေးချယ်မှုရလဒ်အရ ဦးထင်ကျော်သည် မဲအများဆုံးရ ရှိကာ နိုင်ငံတော်သမ္မတဖြစ်လာ ပြီး ဦးမြင့်ဆွေက ဒုသမ္မတ (၁) နှင့် ဦးဟင်နရီဗန်ထီးယူက ဒုသမ္မတ (၂) ဖြစ်လာသည်။

Source: 

7 Day Daily