ရှမ်းပြည်နယ်အစိုးရဖွဲ့ စည်းရေးအတွက် လက်ရှိအချိန် ထိရွေးကောက်ပွဲအနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းဆွေးနွေးမှုမရှိသေး ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ သတင်းရရှိသည်။
‘‘အခုချိန်ထိ ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့အတွက် ဘယ်နေရာ တွေတော့ ပေးပါဆိုပြီး တောင်း ဆိုတာမရှိဘူး။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဘက်ကလည်း ကမ်းလှမ်းတာမျိုးမရှိသေးဘူး’’ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း လိတ်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်အား နိုင်ငံတော်သမ္မတ ကသာရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိ သဖြင့် ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရအဖွဲ့သစ်ခေါင်းဆောင် သမ္မတကသာ ရှမ်းပြည်နယ်ဝန် ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ရမည် ဖြစ်သည်။
NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရသော် လည်း ရှမ်းပြည်နယ်လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် ၂၁ နေရာသာ အနိုင်ရထားသည်။
‘‘သူတို့ (အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်)နဲ့ ကျွန်တော်တို့နဲ့ က လက်တွဲလာတာကြာပါပြီ။ ပြည်နယ်အစိုးရဖွဲ့စည်းရေးကို မဆွေးနွေးဘူးဆိုလည်း စိတ်ထဲ ဘယ်လိုမှမရှိပါဘူး။ အဓိကကကျွန်တော်တို့ရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ဖို့ပါပဲ’’ဟု ဦးစိုင်းလိတ်ကပြော သည်။
ရှမ်းပြည်နယ် လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၁ ဦးရှိရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦး၊ SNLD က လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦး၊NLD က ၂၁ ဦးနှင့် အခြား တိုင်းရင်းသားပါတီများက ၂၉ ဦး ရရှိထားသည်။
‘‘ကျွန်တော်တို့ နှစ်ပါတီ ပေါင်းအရေအတွက်က တပ် ကိုယ်စားလှယ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနှစ်ခု ပေါင်းအရေအတွက်ကို မကျော် ဘူးဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ စည်းစည်းလုံးလုံးဖြစ်ဖို့လို တယ်’’ဟု SNLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းသီဟ ကျော်က ပြောသည်။
ဖေဖော်ဝါရီ ၈ ရက်က စ တင်ခဲ့သော လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌနေ ရာများကို မဲခွဲဆုံးဖြတ်မှုများဖြင့် ရွေးချယ်ရာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌနေရာတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ရှမ်းတိုင်းရင်းသားဒီမိုက ရေစီအဖွဲ့ချုပ်ပါဝင်သော ၁၉၉၀ အထွေထွေရွေးကောက်ပွဲအနိုင် ရ တိုင်းရင်းသားပါတီများဖြင့် စု ဖွဲ့ထားသည့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများမဟာမိတ်အ ဖွဲ့(UNA) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများသည် မဟာမိတ်ပါတီ များဖြစ်သဖြင့် လက်တွဲလုပ် ဆောင်မည်ဟု ပြောကြားထားမှု ရှိသည်။