အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို မဲပေးရန်ညွှန်ပြ သည်ဟုဆိုသည့် စွဲချက်ဖြင့်တရား စွဲခံထားရသော ပုဗ္ဗသီရိမြို့နယ်မှ မူလတန်းပြဆရာမဒေါ်ဝင်းဌေး အားအဆိုပါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အကာအ ကွယ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဘာပဲဖြစ်ဖြစ် ဆရာမဘက် ကနေပြီး ကျွန်တော်တို့က အ တတ်နိုင်ဆုံးကာကွယ်ပေးသွား မယ်။ ပြေပြေလည်လည်လည်း ဖြစ်စေချင်တယ်’’ဟု ပုဗ္ဗသီရိမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲဥက္ကဋ္ဌဦးတင်မောင်ကြည်က ပြောကြားသည်။
အမှုနှင့် စပ်လျဉ်း၍ ဖေဖော် ဝါရီ ၁၆ရက်က နဝမအကြိမ် မြောက်ရုံးချိန်းစစ်ဆေးအပြီးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကမီဒီယာများသို့ အထက်ပါအ တိုင်းပြောကြားခဲ့ပြီး ဒသမအကြိမ်မြောက်ရုံးချိန်းကို ယခုလာမည့် ၂၃ရက်တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။
တရားစွဲခံထားရသည့် ဆရာ မဒေါ်ဝင်းဌေးသည် ၂၀၁၅ရွေး ကောက်ပွဲ၌ ပုဗ္ဗသီရိမြို့နယ် လယ် သာကျေးရွာမဲရုံအမှတ်(၁)တွင် မဲရုံစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒီချုပ်အားမဲပေးရန် ညွှန်ပြခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ဦးဝေလွင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဦးနေအောင်နှင့် ဒေါ်ယမင်းမြင့်ဆွေတို့က ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းတွင် ရွေးကောက်ပွဲဥပဒေ ၆၁(ခ)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုပြန်လည်ရုပ်သိမ်းနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၁ ရက်က တရားစွဲခံရသူနှင့် တရား လိုဖြစ်သူတို့အား ခရိုင်အဆင့်စေ့ စပ်ညှိနှိုင်းရေးကော်မတီတွင် အ စည်းအဝေးခေါ်ယူတွေ့ဆုံစဉ်တ ရားလိုဘက်မှ အဆိုပါအမှုကို ရုပ် သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အဆင့် ဆင့်တင်ပြပြီးမှသာ ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်းပြန်လည်ပြော ကြားခဲ့သည်ဟု ကော်မရှင်ရုံးမှသိ ရသည်။
‘‘စာတင်ပေးမယ်လို့တော့ ပြောတယ်။ သူတို့ဘက်က အဆင့် ဆင့်တင်ရမယ်ပေါ့။ အဲဒီလိုပြော တယ်။ ဆရာမက ကျွန်တော်တို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ဖြစ် တယ်။ ကျွန်တော်တို့ တာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ကကာကွယ်ရမယ်’’ဟု ပုဗ္ဗသီရိမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးစီးမှူးဦးမြတ်သူမျိုးကပြောသည်။
တရားစွဲဆိုထားမှုနှင့်စပ် လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က လည်း ဖေဖော်ဝါရီ ၅ရက်စွဲဖြင့် အချက် (၁၀)ချက်ပါကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ဆရာမဒေါ်ခင်ဝင်းအပေါ် အမှု ဆင်လုပ်ကြံလီဆယ်တိုင်ကြား ထားသော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲရုံ ကိုယ်စားလှယ်ဦးကောင်းမြတ်ကျော်ကိုလည်းကောင်း၊ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားစွဲဆိုမှုကို လက်ခံထားသည့် ပုဗ္ဗသီရီမြို့နယ် ထုံးဖိုမြို့မရဲခစန်းနှင့် မြို့နယ်တရားရုံးများကိုလည်းကောင်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သည် မတရားအမှုဆင် လုပ်ကြံလီဆယ်တရားစွဲဆို ခြင်းခံနေရသော ဆရာမဒေါ်ဝင်းဌေးဘက်ကနေ၍ ဥပဒေနှင့်အညီ အပြည့်အဝရပ်တည်အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။