ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သွင်းသည်ကို လာရောက်အစစ်ဆေးမခံသည့် ကိုယ်စားလှယ် အများအပြားရှိ

ရွေးကောက်ပွဲ အသုံးစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများကို စတင်စစ်ဆေးနေပြီး လာရောက် စစ်ဆေးခံခြင်းမရှိသည့် ကိုယ်စား လှယ်အများအပြားရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
ဇန်နဝါရီ ၂၁ ရက်တွင် ရန် ကုန်တိုင်းဒေသကြီးမှ ရွေးကောက် ပွဲကုန်ကျစရိတ် မတင်သွင်းသည့် ကိုယ်စားလှယ် ၃၄ ဦးကို စတင်စစ်ဆေးရာ ၁၄ ဦးသာ အစစ်ဆေးခံ ပြီး ကျန် ၂၀ ဦးမှာ လာရောက်စစ် ဆေးခံခြင်းမရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရ သည်။

‘‘ဒီနေ့က သူတို့အသုံးစရိတ် မတင်ဖြစ်တာပြောတယ်။ ဒါပေမဲ့ လာစစ်ဆေးခံတဲ့သူတွေမှာ သက် သေရှိရင် တင်ပြဖို့ အခွင့်အရေး ထပ်ရှိသေးတယ်’’ဟု ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင် တစ်ဦးကပြောသည်။

စစ်ဆေးခဲ့သည့် ကိုယ်စားလှယ်များကို ဖေဖော်ဝါရီ ၄ ရက်တွင် နေပြည်တော်ကောင်စီ ခုံရုံးအဖွဲ့က အပြီးသတ်အမိန့်ချမည်ဖြစ်ပြီး လာရောက်စစ်ဆေးခံခြင်းမရှိသည့် ကိုယ်စားလှယ်များကိုမူ ဖေဖော်ဝါရီ ၅ ရက်တွင် အမိန့်ချမှတ်မည်ဖြစ် သည်။

‘‘အမိန့်ချမှတ်တဲ့နေ့ကျရင် ကိုယ်စားလှယ်ကိုယ်တိုင် လာနား ထောင်လည်းရတယ်။ စစ်ဆေး မခံတဲ့ ကိုယ်စားလှယ်တွေက စဉ်း စားစရာမလိုတော့ဘူး။ အမိန့်ချ မှတ်ဖို့ပဲ ကျန်တော့တယ်။ ဘယ် လိုအမိန့်လဲဆိုတာက စစ်ဆေးတဲ့ ခုံအဖွဲ့ဝင်က အမိန့်ချတဲ့နေ့ကျရင် ပြောပါလိမ့်မယ်’’ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ညွှန် ကြားရေးမှူး ဦးညွန့်တင်က ပြော သည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သဖြင့် အရည်အချင်း ပျက် ကွက်သည်ဟု သတ်မှတ်ခံရသူ သည် လက်ရှိလွှတ်တော်သက် တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။ ထို့အပြင် ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၁ (ဈ) အရ ငွေစာရင်း တင်ပြရန် ပျက်ကွက်ပါက ပြစ် ဒဏ်(ပြစ်မှု) ငွေ ၅၀၀ ကျပ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

ကျန်ရှိသည့် ကိုယ်စားလှယ် များကို ဇန်နဝါရီ ၂၂၊ ၂၈၊ ၂၉ ရက်များတွင် အလှည့်ကျစစ်ဆေးရန် သတ်မှတ်ထားသည်ဟု ဦးညွန့် တင်က ပြောသည်။ ကိုယ်စား လှယ် အသုံးစရိတ် လာရောက် တင်သွင်းခြင်းမရှိသည့် ပါတီများ တွင် အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ၃၇ ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ၂၄ ဦး၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၁၀ ဦး၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ငါးဦးတို့ ပါဝင် သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲကုန် ကျစရိတ် မတင်သွင်းသည့် ကိုယ် စားလှယ်လောင်း ၁၇၅ ဦးနှင့် ရွေးကောက်ပွဲ အနိုင်ရကိုယ်စား လှယ် ၃၂ ဦးရှိပြီး စုစုပေါင်း ၂၀၇ ဦးရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် စာရင်များ အရ သိရသည်။

Source: 

7 Day Daily