ပြည်နယ်ဝန်ကြီးချုပ်နေရာ နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကို ဦးဆောင် ဖွဲ့စည်းခွင့်မရပါက အစိုးရအဖွဲ့အစည်း တွင် လုံးဝပါဝင်ခြင်းမပြုတော့ဘဲ အတိုက် အခံပါတီအဖြစ်သာ ရပ်တည်မည်ဖြစ် ကြောင်း ရခိုင်အမျိုးသားပါတီက သဘော ထားကြေညာချက်ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်း ရေးနှင့် ပြည်နယ်ဝန်ကြီးချုပ် နေရာတို့ အတွက် ရခိုင်အမျိုးသားပါတီကို ဦးစားပေး ရေး ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းရန် ပြင်ဆင်ထားသော်လည်း အနိုင်ရပါတီ ဘက်က ဆွေးနွေးလာမှုမရှိသေးသဖြင့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၁၉ ရက်၌ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ပါတီဘက်က ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ရွေးကောက်ပွဲရလဒ်ထွက်လာ တာ တော်တော်ကြာပြီ။ အခုထိ ကမ်းလှမ်းလာတာမရှိဘူး။ ကျွန် တော်တို့ဘက်က ဆွေးနွေးဖို့အ ဆင်သင့်ရှိနေပေမယ့် ပါတီရဲ့ သဘောထားကို အများသိအောင် ပြတ်ပြတ်သားသား ထုတ်ပြန် လိုက်တာ’’ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
ဒီချုပ်က ဆွေးနွေးရေးကမ်းလှမ်းလာပါက ဆွေးနွေးနိုင်ရန် ပါတီဥက္ကဋ္ဌဒေါက်တာ အေးမောင်၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်တို့အား တာဝန်ပေးထားသည်။
ရခိုင်ပြည်နယ်အတွင်း ပြည် နယ်လွှတ်တော်တွင် ကိုယ်စား လှယ် ၂၃ ဦးအနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီသည် ပြည် နယ် အစိုးရ ဦးဆောင်ဖွဲ့စည်း ခွင့် မရရှိပါက ရခိုင်အမျိုးသား ပါတီသည် မည်သည့် အစိုးရအဖွဲ့ အစည်းတွင်မဆို လုံးဝပါဝင်ခြင်း မပြုဘဲ ရခိုင်အမျိုးသားအကျိုး စီးပွားအတွက် အတိုက်အခံနိုင်ငံ ရေးပါတီအဖြစ်သာ ရပ်တည်မည် ဟု ရခိုင်အမျိုးသားပါတီ၏ ကြေ ညာချက်တွင် ပါရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်အတွင်း မဲအများ ဆုံးရရှိထားသော ရခိုင်အမျိုးသား ပါတီ၏ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များထဲမှ ဖြစ်ရမည်ဟုလည်းဖော်ပြထားသည်။
‘‘အင်န်အယ်လ်ဒီက တိုင်း ရင်းသားတွေကို ဦးစားပေးမယ် အမြဲပြောတယ်။ တိုင်းရင်းသား တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအ တွက်လည်း အမြဲပြောတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဟာ ဒေသခံတိုင်းရင်းသားပါတီ ကိုပဲ ဦးစားပေးသင့်တယ်။ အဲဒါမှ တိုင်းရင်းသားတွေကို အလေး ထားရာရောက်မယ်’’ ဟု ဦးထွန်း အောင်ကျော်က ဆိုသည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်ရေးအတွက် ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ် စားလှယ်များသည် ဇန်နဝါရီ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ရပ်မိရပ်ဖများ၊ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ဒီချုပ်၊ ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီပု ပါဝင်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
ပြည်နယ်အစိုးရကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဦး ဆောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း တင်ပြချက်သည် ရခိုင်အမျိုးသား ပါတီနှင့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီတို့ကြား ဒီမိုကရေစီအ သွင်ကူးပြောင်းရေးကာလတွင် သိမ်မွေ့စွာ လျှောက်လှမ်းရမည့် လမ်းကြောင်းကို အဟန့်အတား ဖြစ်စေမည်ဟု ရှုမြင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိထားသည့်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား ဒီချုပ်က ရွေးချယ်ခန့်အပ်သော သမ္မတက ခန့်အပ်ရမည်ဖြစ်သည်။
၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၅ နေရာရှိရာ ရခိုင်အမျိုးသား ပါတီက ၂၃ နေရာ၊ အမျိုသားဒီမို ကရေစီအဖွဲ့ချုပ်က ကိုးနေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ အနိုင်ရရှိထားသည်။
‘‘အခြေခံဥပဒေက ဘယ်လို ပဲ ဆိုထားဆိုထား ရခိုင်မှာ အများ ဆုံးနိုင်တာ တိုင်းရင်းသားပါတီပဲ။ အဲဒီတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရကို ရခိုင်အမျိုး သား ပါတီက ဦးဆောင်ဖွဲ့ဖို့အ တွက် အင်န်အယ်လ်ဒီက အခွင့် အရေးပေးသင့်တယ်’’ဟု စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သောဦးသန်း ထွန်းက ဆိုသည်။
ရခိုင် အမျိုးသားပါတီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများက ပြန် လည်ပြောကြားမှု မရှိခဲ့ပေ။
သို့သော် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အစိုးရဖွဲ့စည်းရာ တွင် တိုင်းရင်းသားများနှင့် တတ် သိပညာရှင်များ ထည့်သွင်းဖွဲ့ စည်းမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။