ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသူနှစ်ရာ ကျော်ကို လေးရက်အတွင်း အပြီးကြားနာမည်

ရွေးကောက်ပွဲကုန်ကျ စရိတ်မတင်သည့် ကိုယ်စားလှယ် လောင်းများကို အရည်အချင်း ပျက်ယွင်းသူများ ဟုတ်၊ မဟုတ် စစ်ဆေးဆုံးဖြတ်နိုင်ရန် လေးရက် တွင်း အပြီးကြားနာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ဇန်နဝါရီအတွင်း ၂၁၊ ၂၂၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရွေး ကောက်ပွဲ ကုန်ကျစရိတ်မတင် သည့် ကိုယ်စားလှယ်လောင်း ၁၇၅ ဦးနှင့် ရွေးကောက်ပွဲကိုယ် စားလှယ် ၃၂ ဦး၏ ထွက်ဆိုချက် များ ကြားနာမည်ဖြစ်သည်။

‘‘သူတို့ပြောတာ ကြောင်း ကျိုးဆီလျော်သလားဆိုတာကြား နာရမှာပေါ့။ ဆီလျော်ရင် ဆီ လျော်သလို၊ မဆီလျော်ရင် မဆီ လျော်သလို ဆုံးဖြတ်ရမှာပေါ့’’ဟု ခုံအဖွဲ့တွင်ပါဝင်သည့် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြော သည်။

ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင် ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သည့် ကိုယ် စားလှယ်လောင်း ၃၄ ဦးနှင့် ရွေး ကောက်ပွဲကိုယ်စားလှယ်သုံးဦး၏ ထွက်ဆိုချက်များ ကြားနာမည်ဖြစ်သည်။

ဇန်နဝါရီ ၂၂ ရက်တွင် ပဲခူး တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ် ပြိုင်သည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးကိုလည်းကောင်း၊ ဧရာ ဝတီတိုင်းဒေသကြီးမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်း ၂၀ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ငါးဦး၏ ထွက်ဆို ချက်များကိုလည်းကောင်း ကြား နာမည်ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်း၊ ရှမ်း၊ မွန်နှင့် ကယားပြည်နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စား လှယ်လောင်းများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ထွက်ဆို ချက်များကို ဇန်နဝါရီ ၂၈ ရက်၌ ကြားနာမည်ဖြစ်သည်။

ကချင်ပြည်နယ်မှ ၂၉ ဦးနှင့် ရခိုင်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းသုံးဦး၏ ထွက်ဆိုချက်များကို ဇန်နဝါရီ ၂၉ရက်တွင် ဆက်လက်ကြားနာမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

အရည်အချင်းပျက်ယွင်း ကြောင်း ထုတ်ပြန်ကြေညာ ခံရသော လွှတ်တော်ကိုယ်စားလှယ် များသည် လက်ရှိလွှတ်တော် သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ် ပြိုင်ခွင့်ရတော့မည်မဟုတ်ပေ။

လွှတ်တော်ကိုယ်စားလှယ် လောင်း ၃,၀၅၅ ဦးယှဉ်ပြိုင်ခဲ့ သည့် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲကုန် ကျစရိတ်စာရင်း တင်သွင်းသူ ၂,၉၃၄ ဦးရှိပြီး ပျက်ကွက်သူ ၁၂၁ ဦးရှိခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးကွယ်လွန်ပြီး ခြောက်ဦးက ခိုင်လုံစွာ အကြောင်းပြနိုင်ခဲ့ သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းရန် ပျက် ကွက်ခဲ့သော လွှတ်တော်ကိုယ် စားလှယ်လောင်း ၁၁၃ ဦးနှင့် ရွေး ကောက်ပွဲကိုယ်စားလှယ် ၃၁ ဦး တို့သည် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်ခြင်းမရှိသော ကြောင့် အရည်အချင်းပျက်ယွင်း သူများအဖြစ် သတ်မှတ်ကြေညာ ခြင်းခံခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရ သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်မူ အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရ သူမရှိပေ။

Source: 

7 Day Daily