စစ်ဆေးလျက်ရှိသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှု များကို အသစ်ဖွဲ့စည်းမည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံသို့ လွှဲပြောင်းပေးရမည်ဖြစ် ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦး ဝင်းကြည်ကပြောကြားသည်။
‘‘ကော်မရှင်အသစ်ကပဲ ပြန် စစ်မှာပေါ့။ အမှုတွေက မပြီးနိုင် သေးဘူး။ ကော်မရှင်အသစ်ဖွဲ့ လိုက်တာနဲ့ လက်ရှိကော်မရှင်က အသက်မရှိတော့ဘူးလေ’’ဟု ဦး ဝင်းကြည်ကပြောသည်။
သမ္မတသစ်တက်လာမည့် ၂၀၁၆ မတ်လတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန် လည်ဖွဲ့စည်းဖွယ်ရှိသည်။
ဖွဲ့စည်းထားသော ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင် သက်တမ်းသည် နိုင်ငံတော် သမ္မတက အခြေခံဥပဒေအရ ကော်မရှင်အသစ်တစ်ရပ် ဖွဲ့ စည်းပြီးသည်အထိဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲ ကန့်ကွက် လွှာ ၄၅ မှုရှိပြီး ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့အကြား ကန့်ကွက်မှုအများဆုံး ဖြစ်သည်။
ထို့အပြင် လက်ရှိကော်မရှင် သည် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သည့် ကိုယ်စားလှယ်လောင်းကို အရည်အချင်းပျက်ယွင်းသူများ ဟုတ်၊ မဟုတ် ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းစစ် ဆေးဆုံးဖြတ်နိုင်ရန် ဇန်နဝါရီ ၂၁ ရက်၌ စတင်ချိန်းဆိုထားပြီး အဆိုပါအမှုများ မပြတ်လျှင်လည်း ကော်မရှင်အသစ်သို့ လွှဲရမည်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ အတွင်းက ဥက္ကဋ္ဌဦးသိန်းစိုး အပါအဝင် ၁၇ ဦးပါဝင်သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ၂၀၁ဝအထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ထို့နောက်ပြည်ခိုင်ဖြိုးပါတီက တင်မြှောက်သော သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက် သူငယ်ချင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတင်အေးအား ကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပြီး ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။