ရွေးကောက်ပွဲမတိုင်မီ မဲရုံမှူးများအား ဦးတည်တိုင်ကြားလာနိုင်သည်ဟု ခန့်
မှန်းခဲ့သော်လည်း ရွေးကောက်အပြီးကာလတွင် မဲရုံမှူးဆရာ၊ ဆရာမများအား
တိုင်ကြားသူများမှ အာရုံစိုက်ဦးတည် တိုင်ကြားခြင်းမရှိဘဲ ရပ်ကွက်နှင့် ကျေး
ရွာကော်မရှင်အဖွဲ့ခွဲများကို တိုင်ကြားမှုများလာကြောင်း ဟင်္သာတခရိုင်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံမှ သိရသည်။ “ အခု ကြည့်လိုက်
တော့ အခါကျတော့ မဲရုံမှူးတွေက ဆရာတွေ၊ ဆရာမတွေပေါ့။ သူတို့က အ
တော်လေးကျွမ်းကျွမ်းကျင်ကျင် လုပ်ကြကိုင်ကြတဲ့အခါမှာ မဲရုံမှူးတွေအပေါ်
မှာ တိုင်တဲ့သူတွေက သိပ်ပြီး အာရုံမစိုက်တော့ဘူး။ အခုဟာက ရပ်ကျေး
ကော်မရှင်တွေကို တိုင်တယ်။ အဲဒါမျိုးတွေ သွားတွေ့တယ်။ အစတုန်းက
ထင်တာက မဲရုံမှူးတွေက Target ဖြစ်မယ်လို့ ထင်တာ။ အခုက အဲလို ဖြစ်မ
လာဘူး။ အခုဟာက ကော်မရှင်က Target ဖြစ်လာတယ်” ဟု ဟင်္သာတခရိုင်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။ ရွေး
ကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းပိတ်ပြီးကာလတွင် မဲစာရင်းအ
မည်မပါဝင်သူများမှ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲထံ လျှောက်ထားရာ အမည်စာရင်းထည့်သွင်းပေးခြင်း မရှိ၍ မဲပေးခွင့်ဆုံး
ရှုံးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားသူများရှိခဲ့ကာ
ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၄ ရက်အထိ ဟင်္သာတမြို့နယ်နှင့် ခရိုင်ရွေးကောက်
ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားသောအမှုပေါင်း ၁၂ မှု ရှိခဲ့သည်။ “ တိုင်တဲ့ပုဂ္ဂိုလ်
တွေကို မြို့နယ်ညှိနှိုင်းရေးအဖွဲ့က ခေါ်ပြီးတော့ ညှိနှိုင်းတယ်။ ညှိနှိုင်းတဲ့အခါမှာ
ပြေလည်သွားတာပဲ များတယ်။ ခုချိန်ထိအောင်တော့ မြို့နယ်ကနေ ဘယ်အမှုက
တော့ မြို့နယ်ကနေ ညှိနှိုင်းလို့ မရပါဘူး။ ခရိုင်ကနေ ဆက်လက် ဆောင်ရွက်
ပေးပါလို့ တင်ပြတာတော့ မရှိသေးဘူး။ တချို့ကျတော့ မဲရုံမှူးအပေါ်မှာ သံသ
ယ ဖြစ်ပြီးတော့ တိုင်တာတို့ အဲဒါမျိုးတွေ များပါတယ်” ဟု ၎င်းက ပြောကြား
သည်။ ဟင်္သာတခရိုင်အတွင်း ရွေးကောက်ပွဲကာလ တိုင်ကြားမှုများအား
သက်ဆိုင်ရာမြို့နယ်အလိုက် စာရင်းတောင်းခံထားပြီး အများဆုံတိုင်ကြား
မှု ရှိခဲ့သော မြို့နယ်သည် ဟင်္သာတမြို့နယ်ဖြစ်ကာ တိုင်ကြားမှုများအား မြို့
နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ညှိနှိုင်းရေးအဖွဲ့ဖြင့် ဖြေရှင်း
ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Thursday November 11, 2015
Democracy Today