ရွေးကောက်ပွဲတွင် ပါ ဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းအားလုံး (နိုင်သူရော ရှုံး သူပါ)သည် ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရမည် ဖြစ်ပြီး မ တင်သွင်းပါက ရွေးကောက်တင် မြှောက်ခံရမှု ပျက်ပြယ်မည့်အပြင် လာမည့် ရွေးကောက်ပွဲများ၌ လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မ ဟုတ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်းရ ရှိသည်။
‘‘မတင်သွင်းရင် အရည်အ ချင်းပျက်ယွင်းကြောင်း ကြေညာ ခံရမယ်။ အကျိုးဆက်က ဒီငါးနှစ် သက်တမ်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်လို့ ရတော့မှာ မဟုတ်ပါဘူး’’ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြော သည်။
ရွေးကောက်ပွဲကုန်ကျစရိတ် အဖြစ် ကျပ်သိန်း ၁၀၀ ခွင့်ပြုထားပြီး ကိုယ်စားလှယ်စာရင်းကြေညာသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြို့နယ်တရားသူကြီးရှေ့မှောက်တွင် ကျိန်ဆိုထားသော ကျမ်းကျိန်လွှာနှင့်တကွ သတ်မှတ်ထားသော ပုံစံ ၂၀ ဖြင့် တင်သွင်းရမည် ဖြစ်သည်။
‘‘ခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲက တင်လာတာတွေကို စစ်မှာပါ’’ဟု ဦးဝင်းကြည်က ပြောသည်။
ရွေးကောက်ပွဲယှဉ်ပြိုင်သူ များသည် သတ်မှတ်ချက်များနှင့် မညီညွတ်သော အသုံးစရိတ်များ ကျခံသုံးစွဲခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို သတ်မှတ် ထားသည့်အတိုင်း ရေးမှတ်ထား ရန် ပျက်ကွက်ခြင်း၊ မမှန်မကန်ပြု လုပ်ထားသော ကုန်ကျစရိတ်စာ ရင်း တင်ပြခြင်းများမပြုလုပ်ရန် ရွေးကောက်ပွဲနည်းဥပဒေများ တွင် တားမြစ်ထားသည်။
ရွေးကောက်ပွဲကုန်ကျစရိတ် နှင့် ပတ်သက်၍ မဲဆန္ဒရှင်တစ်ဦး (သို့မဟုတ်) အခြားကိုယ်စားလှယ်လောင်းတစ်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကိုယ်စားလှယ်လောင်းသည် ပြဋ္ဌာန်း ချက်များကို ချိုးဖောက်ကြောင်း မဲရလဒ်ကြေညာပြီးသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်တိုင်ကြား နိုင်သည်။
ကန့်ကွက်တိုင်ကြားလာပါ က ရွေးကောက်ပွဲခုံရုံးတွင် စစ်ဆေး၍ ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်လောင်း တစ်ဦး၏ ချိုးဖောက်မှုကို တွေ့ရှိ ရပါက ထိုကိုယ်စားလှယ်လောင်း အား ယခုလွှတ်တော်သက်တမ်း ငါးနှစ်တာကာလအတွက် အရည် အချင်းပျက်ယွင်းသူဟု သတ်မှတ် မည်ဖြစ်ပြီး ထိုကိုယ်စားလှယ် လောင်း၏ ရွေးကောက်တင်မြှောက်ခြင်းခံထားရမှုကို ပျက် ပြယ်သည်ဟု ကြေညာမည် ဖြစ် သည်။ အယူခံခွင့်ပင်ရမည် မ ဟုတ်ပေ။
သို့သော် သတ်မှတ်ရက်အ တွင်း ရွေးကောက်ပွဲကုန်ကျစရိတ် မသွင်းသည့် ကိုယ်စားလှယ် လောင်းများကို ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲက အရည်အ ချင်းပျက်ယွင်းသူအဖြစ် ကြေညာ သင့်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ အစီရင်ခံ သည့်ကိစ္စတွင်မူ ၁၅ ရက်အတွင်း အရည်အချင်းပျက်ယွင်းသူအဖြစ် မကြေညာသင့်ကြောင်း ကိုယ်စားလှယ်လောင်းက လျှောက်ထားခွင့်ရှိသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃,၀၅၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းတင်သွင်းရန် သတ် မှတ်ထားသည့် ရက်ပေါင်း ၆၀ အ တွင်း တင်သွင်းသူ ၂,၉၃၄ ဦးရှိပြီး တင်သွင်းရန် ပျက်ကွက်သူ ၁၂၁ ဦးရှိခဲ့သည်။ ယင်းတို့အနက် နှစ်ဦးကွယ်လွန်ပြီး ခြောက်ဦးမှာ ခိုင်လုံစွာ အကြောင်းပြနိုင်ခဲ့သည်။သို့ဖြစ်ရာ ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရန် ပျက်ကွက်ခဲ့ သော လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၁၃ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ၃၁ ဦးတို့သည် အ ထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်ခြင်းမရှိသောကြောင့် အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ကြေညာခြင်းခံခဲ့ရ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွင်မူ အထက်ပါအဖြစ်အပျက် မျိုးမဖြစ်ပွားခဲ့ပေ။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက်အများဆုံးအရေအတွက်အဖြစ် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ရွေးကောက်ပွဲဝင် ပြိုင်ခဲ့ကြသည်။