အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား မဲမထည့်ရန်နှင့် မဲထည့်ပါက ဗုဒ္ဓဘာသာ ကွယ် ပျောက်မည်ဟု ဘာသာရေးကို အသုံးပြု၍ စည်းရုံးဟောပြောခဲ့ သည်ဟုဆိုကာ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဦးကျော် မြင့်ကို ဒီချုပ်က အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ဒီချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း၊ ရမည်းသင်းမြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂)မှ ဦးအောင် မျိုးဦးက ရွာတန်းရဲကင်း ရဲတပ် ဖွဲ့စခန်းတွင် နိုဝင်ဘာ ၂၂ ရက် က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈(ဂ)အရ အမှုဖွင့်ထား ခြင်း ဖြစ်သည်။
ရမည်းသင်းမြို့နယ် လွှစင် အုပ်စု ခင်သာကျေးရွာတွင် အောက်တိုဘာ ၁၀ ရက်က ပြည် ခိုင်ဖြိုးပါတီမှ အဆိုပါ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းသည် ရွေးကောက်ပွဲစည်း ရုံး ဟောပြောပွဲပြုလုပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲ ထည့်လျှင် ယင်းကျေးရွာ ၌ ဗလီများလာဆောက်လိမ့်မည်၊ ဗုဒ္ဓဘာသာကွယ်ပျောက်လိမ့်မည်၊ ပြည်ခိုင်ဖြိုးပါတီကို အပြည့်အဝမဲထည့်လျှင် ပညာရေးကျောင်း ဆောင်သစ်နှင့် ဘုန်းတော်ကြီး ဆောင်ဆောက်လုပ်ပေးမည်ဟု ဘာသာရေး ကိုအသုံးပြု၍ ဟောပြောစည်းရုံးခဲ့ကြောင်း တိုင်ကြားထားသည်ဟု မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။
အထက်ပါကိစ္စနှင့် ပတ် သက်၍ လျှပ်စစ်နှင့် စက်မှုလက် မှုဝန်ကြီး ဦးကျော်မြင့်က ‘‘ပါတီနဲ့ ကော်မရှင်ဘက်ကလည်း လိုက် နာရမယ့် စည်းကမ်းတွေကို ညွှန် ကြားထားပါတယ်။ ပြိုင်ဘက်ပါ တီအကြောင်း ဆွေးနွေးတဲ့အခါ မှာ ပါတီနာမည်၊ ကိုယ်စားလှယ် လောင်း နာမည်တွေ မသုံးပါဘူး။ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပြည်သူတွေမေး လာလို့ ရှင်းပြတာမျိုးပဲ ရှိတယ်။ ဘာသာရေးအကြောင်း မပြော ဘူး။ သူတို့ဘက်က တိုင်ကြားလာ တဲ့အတွက် အထောက်အထား အသံဖိုင်တွေ အပြည့်အစုံရှိပါ တယ်။ ရပ်ရွာတိုးတက်ဖို့ဆောင် ရွက်ပေးမယ်လို့ပဲ ကတိပေးခဲ့ တာပါ။ တခြားဘာတွေ လုပ် ဆောင်ပေးတာမျိုး ပြောကြားခဲ့ ခြင်း မရှိဘူး’’ဟု ရှင်းပြသည်။
ကျင်းပပြီးစီးခဲ့သည့် အထွေ ထွေရွေးကောက်ပွဲတွင် ရမည်း သင်းခရိုင်၌ ပြည်ခိုင်ဖြိုးပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်(၁)နှင့် (၂)တို့တွင် အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သည်။